Song Joong Ki က ကလေးတွေ၊ သူတို့ရဲ့ မိသားစုတွေ၊ အလုပ်ကြိုးစားနေတဲ့ ဝန်ထမ်းတွေ ပြုံးပျော်စေဖို့အတွက် ကလေးဆေးရုံမှာ အထူးအခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။
Song Joong Ki က Domino’s Pizza နှင့်အတူ လုပ်အားပေးအစီအစဉ်တစ်ခုအဖြစ် Seoul National University Children’s Hospital ကို သွားရောက်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ မော်ဒယ်ဖြစ်တဲ့ Park Bo Gum ကလည်း အားလပ်ရက်တုန်းက ကလေးဆေးရုံတစ်ခုကို သွားရောက်ခဲ့ပါသေးတယ်။
Domino’s Pizza နှင့်အတူ Song Joong Ki က “Hope Sharing Fund” ဝမ်သန်း ၁၀၀ (ခန့်မှန်းခြေ ၈၅,၉၀၅ ဒေါ်လာ) ကို ဆေးရုံးသို့ ပေးလှူခဲ့ပါတယ်။ အရသာရှိတဲ့ ပီဇာတွေကို မျှဝေပေးတဲ့ ပီဇာပါတီလည်း ကျင်းပခဲ့ပြီး လူနာတွေ၊ မိသားစုတွေ၊ ဝန်ထမ်းတွေအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းစေမည့် နွေးထွေးတဲ့စကားတွေလည်း ပြောပေးခဲ့တယ်လို့ သိရပါတယ်။
Song Joong Ki ကို အနုပညာရှင်တစ်ယောက်အနေနဲ့သာမကဘဲ စိတ်နှလုံးပြည့်ဝသူအဖြစ်လည်း သိကြပါတယ်။ Korea Childhood Leukemia Foundation လိုမျိုး အသင်းအဖွဲ့တွေကို ပုံမှန်လှူဒါန်နေသူဖြစ်ပြီး “Hurry Up, Brother” ဇာတ်ကားကရတဲ့ အနုပညာကြေးတွေအားလုံးကိုလည်း လှူဒါန်ခဲ့ဖူးပါတယ်။
( RII )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : Soompi