Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဒီနှစ်ထဲမှာ အယ်လ်ဘမ်သစ်နှင့်အတူ ပရိသတ်တွေထံ ပြန်ရောက်လာမည့် Super Junior အဖွဲ့

ဒီနှစ်ထဲမှာ အယ်လ်ဘမ်သစ်နှင့်အတူ ပရိသတ်တွေထံ ပြန်ရောက်လာမည့် Super Junior အဖွဲ့

| No comment


၂၀၁၇ ခုနှစ်ထဲမှာ K-pop အတွက် မျှော်လင့်စရာနောက်တစ်ခု တိုးလာပြန်ပါပြီ။  နာမည်ကျော် K-pop အဖွဲ့ Super Junior က ၂ နှစ်လောက်အနားယူခဲ့ပြီးနောက်မှာတော့ ဒီနှစ်ထဲမှာ အယ်လ်ဘမ်အသစ်နှင့်အတူ ပြန်လာမယ်လို့ သတင်းရရှိပါတယ်။

Super Junior အဖွဲ့က ဒုတိယနှစ်ဝက်ပိုင်းမှာ အယ်လ်ဘမ်အသစ်ထွက်ဖို့ ပြင်ဆင်နေကြောင်း ဒီနေ့အစောပိုင်းမှာ Star News က သတင်းပို့ခဲ့ပါတယ်။ ဩဂုတ်လလယ်ပိုင်းမှာ Choi Siwon စစ်မှုထမ်းတာပြီးဆုံးသွားတာနှင့် နှစ်မကုန်ခင်မှာ အယ်လ်ဘမ်အသစ်နှင့်အတူ ပြန်လာဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ Super Junior အဖွဲ့ဝင် Leeteuk, Kim Heechul, Yesung, Kangin, Shindong နှင့် Sungmin တို့က စစ်မှုထမ်းပြီးသားဖြစ်ပြီး Eunhyuk နှင့် Siwon တို့က ဂျူလိုင်လနှင့် ဩဂုတ်လတို့မှာ အသီးသီးပြီးဆုံးမှာဖြစ်ပါတယ်။


သိပ်မကြာသေးခင်က ပြီးခဲ့တဲ့ အောက်တိုဘာလမှာ Ryeowook က တပ်မတော်ထဲ ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ စစ်မှုထမ်းပြီးဆုံးမှာဖြစ်ပါတယ်။ Kyuhyun က တော့ ဒီနှစ်နောက်ပိုင်းမှာ စစ်မှုထမ်းရမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်ပိုင်းမှာ အဖွဲ့ထဲကလူတွေ စုစည်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အယ်လ်ဘမ်အသစ် ထွက်ဖို့ပါပဲ။


ဒါ့အပြင် Super Junior အဖွဲ့ ပွဲဦးထွက်ခဲ့တာ ၁၀ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလတုန်းက 'Magic' အမည်ရတဲ့ အထူးအယ်လ်ဘမ် ထွက်ရှိခဲ့ပါတယ်။ သူတို့အဖွဲ့နှင့် ချစ်ရတဲ့ပရိသတ်တွေ နောက်ဆုံး ဆုံစည်းခဲ့တာ ၂ နှစ်တောင်ရှိပါတော့မယ်။


၂၀၀၅ ခုနှစ်မှာ Super Junior အဖွဲ့ ပွဲဦးထွက်ခဲ့ကတည်းက ကိုရီးယားနိုင်ငံထဲကရော နိုင်ငံတာက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ယောက်စီတိုင်းက အစီအစဉ်တင်ဆက်သူများ၊ သရုပ်ဆောင်များ၊ musical performers၊ တစ်ကိုယ်တော် အဆိုတော်များအဖြစ် ကိုယ်ပိုင်ပါရမီအမျိုးမျိုးကို ဖော်ပြခဲ့ကြပါတယ်။

ပရိသတ်တွေကတော့ ဒီနှစ်ထဲမှာ သူတို့အဖွဲ့ကို မျှော်လင့်စောင့်စားနေမှာ သေချာပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref :  allkpop