Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , The Last Jedi လို့ အမည်ပေးလိုက်တဲ့ Star Wars: Episode VIII

The Last Jedi လို့ အမည်ပေးလိုက်တဲ့ Star Wars: Episode VIII

| No comment

၈ ကားမြောက် Skywalker မိသားစုဇာတ်လမ်းကို မနှစ်က စတင်ရိုက်ကူးခဲ့စဉ်က ဒါရိုက်တာ Rian Johnson က ယာယီနာမည်အဖြစ် “Space Bear” လို့ခေါ်ခဲ့ပြီး တကယ်အစစ်လို့ ထင်ရတဲ့နာမည်တွေလည်းအများကြီး ကောလဟထွက်ပေါ်ခဲ့ ပေမယ့်အများစုကတော့ အမှားတွေဖြစ်ပါတယ်။

နာမည်အစစ်ကိုတော့ ဘာရှင်းလင်းချက်မှမပါဘဲ Lucasfilm က တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ ထုံးစံအတိုင် ဇာတ်လမ်းတွဲရဲ့ ဒုတိယမြောက်ဇာတ်ကားတိုင်မှာ ဗီလိန်တွေဘက် အသာစီးရတတ်တယ်ဆိုတာကလွဲလို့ ခွဲခြားစိတ်ဖြာကြည့်စရာ သိပ်မရှိပါဘူး။ (သာမန်ပရိသတ်တွေ မှတ်မိထားရမှာကတော့ Rogue One က တစ်ကားတည်ရပ်တည်တာပါ)

The Empire Strikes Back ဇာတ်ကားမှာတော့ Rebellion တွေနှင့် heroes တွေက စုတ်ပြတ်သတ်သွားအောင်ခံခဲ့ရပြီး Attack of the Clones ဇာတ်ကားမှာတော့ အလားတူစွာပဲ Jedi တွေကို လူမဆန်စွာပြုမူခဲ့ပြီး Republic လည်း တစ်စတစ်နှင့် ပြိုလဲခဲ့ရပါတယ်။ The Last Jedi အမည်ကို “Sith red” လို့ခေါ်ရမည့် အနီရောင်နှင့် ကောက်ကြောင်းဆွဲထားတဲ့ ရိုးရာ Star Wars သင်္ကေတနှင့် ကွင်းခတ်ထားပါတယ်။

နာမည်သစ်ကို ကြည့်လိုက်တော့ ထွက်လာတဲ့ မေးခွန်းကတော့ နောက်ဆုံး Jedi က ဘယ်သူဖြစ်မှာလဲ?

တစ်ခါတုန်းကတော့ ဒီမေးခွန်းရဲ့ အဖြေက Luke Skywalker ပဲပေါ့။ ဒါပေမယ့် အခုတော့ ထင်ရှားနေတဲ့အဖြေက The Force Awakens ဇာတ်ကားထဲမှာ ဖြစ်နိုင်တယ်လို့ အိပ်မက်တောင် မမက်ဖူးတဲ့ Force ကို အသုံးပြုပြီး Anakin နှင့် Luke Skywalker တို့ရဲ့ lightsaber ဟောင်းနှင့် Kylo Ren (Adam Driver) ကို တစ်ယောက်ချင်းယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ Daisy Ridley ရဲ့ Rey ဖြစ်မယ်လို့ ထင်ရပါတယ်။

The Last Jedi နှင့် The Force Awakens ကြားထဲမှာ အချိန်ကွာခြားမှုမရှိကြောင်း Johnson ကအတည်ပြုခဲ့ပါတယ်။ အရင်ဇာတ်လမ်းပြီးသွားတဲ့ နေရာဖြစ်တဲ့ ပျောက်ဆုံးနေခဲ့တဲ့ Luke Skywalker (Mark Hamill) ရှေ့မှာ Rey ကရပ်နေတဲ့ နေရာကနေ ဇာတ်လမ်းပြန်ဆက်မှာဖြစ်ပြီး The First Order ကို ဖောက်ခွဲဖို့ ကူညီခဲ့ပြီး အခုတော့ Jedi အဖြစ် သင်ယူလေ့ကျင့်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

The Last Jedi ဆိုတာက Luke ဒုက္ခရောက်တော့မယ်လို့ ဆိုလိုတာများလား? ဖြစ်နိုင်ခြေရှိပေမယ့် ဖြစ်ကိုဖြစ်ရမယ်တော့ မဟုတ်ပါဘူး။ Vader နှင့် Empire ကို ချေမှုန်နိုင်မည့် နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ Luke က Jedi အသစ်အဖြစ် သင်ယူလေ့လာနေတုန်းကလည်း Yoda က ရှေ့တန်းထွက်ပြီး တိုက်ခိုက်နေတာ မဟုတ်တော့ပေမယ့် Jedi ဖြစ်နေတုန်းပါပဲ။

The Last Jedi ဇာတ်ကားမှာ ပြန်လည်ပါဝင်မည့်သူတွေကတော့ John Boyega, Oscar Isaac, Driver, Gwendoline Christie, Lupita Nyong’o, Dohmnall Gleeson, Andy Serkis နှင့် ဆုံးပါးသွားတဲ့ Carrie Fisher တို့ဖြစ်ပြီး အသစ်ပါဝင်လာမယ့်သူတွေကတော့ Benicio Del Toro, Laura Dern နှင့် Kelly Marie Tran တို့ဖြစ်ပါတယ်။ ဒီဇာတ်ကားကို Lucasfilm ဥက္ကဌ Kathleen Kennedy၊ Johnson နှင့်အတူလက်တွဲလာတာကြာပြီဖြစ်တဲ့ Ram Bergman (Brick, Looper) တို့က ထုတ်လုပ်မှာဖြစ်ပြီး J.J. Abrams, Jason McGatlin နှင့် Tom Karnowski က အလုပ်မှုဆောင်အဖြစ် ထုတ်လုပ်မှာဖြစ်ပါတယ်။

The Last Jedi ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW