Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , The Weeknd နဲ့ တွဲနေပြီဖြစ်တဲ့ ဆလီနာဂိုးမက်ဇ်

The Weeknd နဲ့ တွဲနေပြီဖြစ်တဲ့ ဆလီနာဂိုးမက်ဇ်

| No comment


ဂျက်စတင်ဘီဘာနဲ့ ပြန်တွဲလိုစိတ်မရှိတော့တဲ့ ဆလီနာဂိုးမက်ဇ်ကတော့ အချစ်သစ်တွေ့သွားပါပြီ။ Star Boy သီချင်းနဲ့ လတ်တလောအောင်မြင်မှုတွေကို ဆက်တိုက်ရယူထားတဲ့ အဆိုတော် The Weeknd နဲ့ နမ်းရှုပ်နေတဲ့ ပုံတွေက ပျံနှံ့လာခဲ့ပါတယ်။


အင်္ဂါနေ့ညက Santa Monica မှာ ဆလီနာနဲ့ The Weeknd တို့နှစ်ယောက် တစ်ချိန်လုံးအတူရှိနေခဲ့ကြပြီး ပြန်အထွက်မှာ မီဒီယာတွေရဲ့ လက်သွက်ခြေသွက်ရှိမှုကြောင့် သူတို့နှစ်ယောက်တွဲနေတဲ့ ဓာတ်ပုံတွေ ပြန့်လာခဲ့တာပါ။


The Weeknd ရဲ့ ချစ်သူဟောင်း Bella Hadid ကတော့ ဒီသတင်းတွေ ပြန့်ကြဲလာခဲ့တဲ့ နောက်ပိုင်းမှာ ဆလီနာကို Instagram မှာ Unfollow လုပ်သွားတယ်လို့ သိရပါတယ်။ The Weeknd နဲ့ ဆလီနာတို့ဟာ ရည်းစားဟောင်းတွေကို မေ့နိုင်ဖို့ ခဲယဉ်းတဲ့ ခံစားချက်ရှိတဲ့သူနှစ်ယောက်ဖြစ်ခဲ့ပြီး အခုတော့ သူတို့နှစ်ယောက်က အချစ်တစ်ခုကို ထူထောင်လိုက်ကြပါပြီ။


ဒီသတင်းကိုတော့နှစ်ဖက်လုံး ဘာတုံ့ပြန်မှုမှမလုပ်ထားပေမယ့်လည်း အရမ်းကို hot ဖြစ်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး အဓွန့်ရှည်ပါစေလို့ပဲ ဆုတောင်းပေးရမှာပါ။ ဂျက်စတင်ဘီဘာရဲ့ အမာခံပရိသတ်တွေကတော့ The Weeknd နဲ့ တွဲသွားတဲ့ ဆလီနာကို ဝေဖန်လျက်ရှိနေကြပါတယ်။


( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : TMZ