Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Vampire Diaries ဇာတ်သိမ်းပိုင်းတွင် Nina Dobrev ပြန်လည်ပါဝင်မည်

Vampire Diaries ဇာတ်သိမ်းပိုင်းတွင် Nina Dobrev ပြန်လည်ပါဝင်မည်

| No comment

Vampire Diaries မင်းသမီး Nina Dobrev က ဇာတ်လမ်းတွဲမှာ ဆက်မပါတော့ဘူးဆိုတဲ့ ကြေညာချက် season 6 အပြီးမှာထွက်လာခဲ့ကတည်း ပရိသတ်တွေမှာရှိခဲ့တဲ့ မေးခွန်းတစ်ခုကတော့ “ဇာတ်သိမ်းပိုင်းအတွက်ြ ပန်လာမှာလား?” ဆိုတာပါပဲ။

 ၂ နှစ်နီးပါကြာပြီးနောက်မှာတော့
အဖြေထွက်လာပါပြီ။ Dobrev က ဇာတ်လမ်းတွဲရဲ့နောက်ဆုံးပိုင်းမှာ
သူမရဲ့ဇာတ်ကောင် Elena Gilbert အဖြစ်ပြန်ပါလာမှာဖြစ်ပါတယ်။

Dobrev က သူမပြန်လာတာကို “I Was Feeling Epic” လို့အမည်ပေးထားတဲ့
ဇာတ်သိမ်းပိုင်းဇာတ်ညွှန်းကို ရိုက်ထားတဲ့ ဓာတ်ပုံကို Instagram
မှာတင်ပြီး ကြေညာခဲ့တာပါ။

Dobrev ရဲ့ဇာတ်ကောင်က သေသွားတာမဟုတ်ဘဲ Kai ပြုလုပ်ထားတဲ့ မှော်ဆန်ဆန်
သတိလစ်မေ့မြောနေတာဖြစ်တဲ့အတွက် သူပြန်ပါလာတာဟာ ပရိသတ်တွေအတွက်
အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ Vampire Diaries ဇာတ်လမ်းတွဲစီစဉ်သူ Julie
Plec အမြဲတမ်းပြောလေ့ရှိတာကတော့ Dobrev ပြန်ပါလာတာက စီစဉ်ထားတာပါ။

“ဇာတ်သိမ်းပိုင်းမှာ သူ့အတွက် လုပ်ကွက်ရှိရင် သူလာပါ့မယ်လို့ Nina က
အမြဲပြောပါတယ်။ သူထွက်သွားတုန်းက ‘ဇာတ်လမ်းဆုံးတဲ့အခါမှာ ဒီဇာတ်ကောင်ရဲ့
အဆုံးသတ်က ဘယ်လိုလဲဆိုတာ ကျွန်မသိချင်တယ်။ ဒါကြောင့် ပြန်လာပြီး
အိပ်ယာထဲမှာ လှဲနေဖို့ မစောင့်နိုင်တော့ဘူး’ လို့က သူကပြောသွားတယ်” လို့
Plec က ၂၀၁၅ ခုနှစ်တုန်းက EW နှင့်အင်တာဗျူးမှာပြောခဲ့ပါတယ်။

Dobrev ရဲ့ ကြေညာချက်ထွက်လာပြီးနောက်မှာ Plec နှင့် ပရိုဂျူဆာ Kevin
Williamson တို့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ “ကျွန်မတို့ အမြဲတမ်း
စီစဉ်ထားတဲ့အတိုင်း Nina က ပြန်လာပြီး နှုတ်ဆက်ရင်း ဇာတ်လမ်းကို
အဆုံးသတ်ရမှာ စိတ်လှုပ်ရှားမိပါတယ်” လို့ Plec က ပြောထားပြီး Williamson က
“ကျွန်တော်တို့ရဲ့ ဇာတ်သိမ်းပိုင်းကို အမှန်တကယ် သည်းထိန်ရင်ဖိုဖြစ်တာ
သေချာအောင် ပြန်ရောက်လာတဲ့ Nina ကို ကြိုဆိုဖို့ စိတ်လှုပ်ရှားမိပါတယ်”
လို့ပြောပါတယ်။

Vampire Diaries ဇာတ်သိမ်းပိုင်းကို မတ်လ ၁၀ ရက်၊ သောကြာနေ့၊ ည ၈
နာရီတွင် The CW မှ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

( RII )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : EW