Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နောက်ဆုံးသီချင်းတစ်ပုဒ်ထွက်ပြီးရင် အဖွဲ့ဖျက်သိမ်းတော့မည့် Wonder Girls

နောက်ဆုံးသီချင်းတစ်ပုဒ်ထွက်ပြီးရင် အဖွဲ့ဖျက်သိမ်းတော့မည့် Wonder Girls

| No comment

အဖွဲ့ဝင်တွေရဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်
အဖွဲ့ဖျက်သိမ်းတော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း
ကျယ်ကျယ်ပြန့်ပြန့်ထွက်လာခဲ့ပြီး ဒီသတင်းတွေကို ဇန်နဝါရီ ၂၆ ရက်မှာ JYP
Entertainment က အတည်ပြုပေးလိုက်ပါတယ်။

JYP ရဲ့ ကြေညာချက်အပြည့်အစုံကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
“ဟယ်လို ဒါကတော့ JYP Entertainment ဖြစ်ပါတယ်။ ၁၀
နှစ်ကြားပြီးတဲ့နောက်မှာ Wonder Girls အဖွဲ့ဖျက်သိမ်းတော့မည့်အကြောင်း
ကြေညာလိုက်ပါတယ်။

ကျွန်တော်တို့ အေဂျင်စီနှင့် အဖွဲ့ဝင်တွေ သေချာဆွေးနွေးပြီးမှ
ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။ Wonder Girls အဖွဲ့ဝင်တွေဖြစ်တဲ့ Yubin
နှင့် Hyerim ကတော့ JYP Entertainment နှင့် စာချုပ်အသစ်ချုပ်ဆိုပြီး
ဂီတ၊ သရုပ်ဆောင်၊ အစီအစဉ်တင်ဆက်ခြင်းနှင့် တခြားလှုပ်ရှားမှုတွေကို
ဆက်လုပ်သွားမှာဖြစ်ပါတယ်။

Yeeun နှင့် Sunmi ကတော့ သေချာစဉ်းစားချင့်ချိန်ပြီးနောက် JYP
Entertainment မှ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၁၀နှစ်ကျော်အတွင်း Wonder Girls အဖွဲ့ကို သစ္စာရှိရှိအားပေးခဲ့ကြတဲ့
ပရိသတ်တွေကို ကျေးဇူးတင်သည့်အနေဖြင့် ၁၀ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်တဲ့
ဖေဖော်ဝါရီလ ၁၀ ရက်မှာ သီချင်းတစ်ပုဒ်ထွက်မှာဖြစ်ပါတယ်။

JYP နှင့် Wonder Girls အဖွဲ့နှင့်အတူ ၁၀ နှစ်ကြာရှိခဲ့တဲ့ ကမ္ဘာတစ်လွှားက
ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”

Wonder Girls အဖွဲ့ဝင်တွေကလည်း ပရိသတ်တွေအတွက် နှုတ်ဆက်စကားပြောထားတဲ့
ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။

Yeeun: “ကျွန်မတို့အတူရှိခဲ့တာ ၁၀ နှစ်တောင်ရှိသွားပြီနော်။ အတူတကွ
ရယ်မောခဲ့တဲ့၊ ငိုကြွေးခဲ့တဲ့၊ ပျော်ရွှင်ခဲ့တဲ့၊ ဝမ်းနည်ခဲ့တဲ့
အခိုက်အတန့်တွေအားလုံးက တစ်ရိပ်ရိပ်ဖြတ်သန်းသွားသလိုပဲ။

ထာဝရသယ်ဆောင်သွားရမယ့် အမှတ်တရတွေကို ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
Sunmi: “ဒီ ၁၀ နှစ်အတွင်းမှာ အဖြစ်အပျက်တွေအများကြီး
ဖြစ်ပျက်သွားခဲ့တာပဲ။ ကျွန်မတို့ကို ယုံကြည်ခဲ့တဲ့၊ အားပေးခဲ့ကြတဲ့၊
စောင့်မျှော်ခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ဝမ်းနည်စရာသတင်း ပြောပြရတာ
ရင်နာမိပါတယ်။ တောင်းပန်ပါတယ်ပြီးတော့ ကျေးဇူးတင်ပါတယ်”
Yubin: “Wonderful တွေရဲ့ အဆုံးမရှိတဲ့ အားပေးမှုတွေ၊
ယုံကြည်မှုတွေနှင့်အတူ Wonder Girls အဖွဲ့က ၁၀ နှစ်တာ အချစ်ခံခဲ့ရပါတယ်။
အတူရှိခဲ့တဲ့ အခိုက်အတန့်လေးတွေကို အမြဲတမ်း ကျေးဇူးတင်ပြီး
တန်ဖိုးထားသွားပါ့မယ်”

Hyerim: “ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်မတို့ကို သတိရမိရင်
အမှတ်တရတွေပြည့်နှက်နေတဲ့ သီချင်းတွေက နှစ်သိမ့်ပေးနိုင်မယ်လို့
မျှော်လင့်ပါတယ်။ အခုတော့ ခက်ခဲမှာဖြစ်ပေမယ့် ပရိသတ်တွေရဲ့
ခွန်အားဖြစ်လာဖို့ အကောင်းဆုံးကြိုးစားသွားပါ့မယ်”

အဖွဲ့ဝင်အားလုံး: “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပြီးရင် ကျေးဇူးတင်ပါတယ်။
ကျွန်မတို့ အရမ်းပျော်ပါတယ်။ ပြီးခဲ့တဲ့နေ့ရက်တွေက အိပ်မက်လိုပါပဲ။
သတိရနေပေးပါ… ကျွန်မတို့က Wonder Girls ဖြစ်ပါတယ်”

( RII )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : EW