Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ‘Beauty and the Beast’ ဇာတ်ကားအတွက် Ariana Grande နှင့် John Legend သီဆိုထားတဲ့ ဇာတ်ဝင်သီချင်းထွက်ရှိ

‘Beauty and the Beast’ ဇာတ်ကားအတွက် Ariana Grande နှင့် John Legend သီဆိုထားတဲ့ ဇာတ်ဝင်သီချင်းထွက်ရှိ

| No comment

ဒီတစ်ပတ်အစောပိုင်းမှာ ‘Beauty and the Beast’ ဇာတ်ကားရဲ့ နောက်ဆုံးနမူနာ ထွက်ရှိလာခဲ့ပြီး Grande နှင့် Legend တို့သီဆိုထားတဲ့ ခေါင်းစဉ်သီချင်းလည်း ပါဝင်လာခဲ့ပါတယ်။

အခုတော့ Disney က သူတို့ရဲ့ မှော်ဆန်တဲ့ တွဲဖက်သီဆိုမှုကို အပြည့်အဝနားဆင်ရအောင် ထုတ်ပေးလိုက်ပါတယ်။

၁၉၉၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ကာတွန်းဇာတ်ကားထဲမှာတော့ ဒီသီချင်းကို  Celine Dion နှင့် Peabo Bryson တို့က တွဲဖက်သီဆိုခဲ့ပြီး ဂရမ်မီဆု ၂ ဆု၊ ရွှေကမ္ဘာလုံးဆု ၁ ဆုနှင့် အော်စကာဆုပေးပွဲမှာတော့ Best Original Song ဆုတို့ကို ရရှိခဲ့တာဖြစ်ပါတယ်။

(ဇာတ်လမ်းထဲမှာ ကြားရတဲ့ပုံစံမျိုးကိုတော့ Mrs. Potts အဖြစ် အသံသရုပ်ဆောင်ထားတဲ့  Angela Lansbury က သီဆိုခဲ့ပြီး ဇာတ်ကားအသစ်အတွက်လည်း Emma Thompson က အဲ့ဒီလိုပဲလုပ်မှာဖြစ်ပါတယ်။) Grande နှင့် Legend တို့သီဆိုထားတဲ့ ‘Beauty and the Beast’ သီချင်းက မတ်လ ၁၀ ရက်မှာ ထွက်ရှိမည့် ဇာတ်ဝင်တေးများမှာ ခေါင်းစီးအဖြစ်ပါဝင်မှာဖြစ်ပြီး Celine Dion သီဆိုထားတဲ့ “How Does A Moment Last Forever” သီချင်းအသစ်လည်းပါဝင်မှာ ဖြစ်ပါတယ်။



( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)


Ref : EW