မင်းသား ဘရက်ပစ်နဲ့ ကွာရှင်းပြတ်စဲဖို့အတွက် ဆုံးဖြတ်ချက်ဟာ အရမ်းကို ခက်ခဲလွန်းခဲ့တယ်လို့ ဂျိုလီက သူ့ရဲ့ အကြောင်းကို ပထမဆုံးအနေနဲ့ လူသိရှင်ကြားရင်ဖွင့်ခဲ့ပါတယ်။
သူတိုရဲ့ ကလေးခြောက်ယောက်ကို ကာကွယ်စောင့်ရှောက်မှုတွေပြုလုပ်ပေးဖို့ သူုတို့နှစ်ယောက်ဟာ အမြဲတမ်းမိသားစုဝင်တွေလိုနေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာ ဂျိုလီကတော့ ကလေးတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံကို ဇာတ်ကားသစ် ပရိုမိုးရှင်းအတွက် ရောက်ရှိနေပြီး သူမနဲ့ ဘရက်ပစ်ကြားက ကွာရှင်းမှုနဲ့ ပတ်သက်ပြီး BBC News နဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောကြားခဲ့တာပါ။
“ကျွန်မအနေနဲ့ အဲ့အကြောင်းတွေကို သိပ်ပြီး မပြောချင်တော့ပါဘူး။ အရမ်းခက်ခဲခဲ့တယ်လို့ ပြောရမှာပါ။ ကျွန်မတို့က ချစ်တယ်ဆိုတဲ့အဆင့်ကို ကျော်ပြီး မိသားစုဝင်တွေဖြစ်နေပြီလေ။ အမြဲတမ်းမိသားစုတွေပါ” လို့ ဂျိုလီက မျက်နှာမကောင်းစွာနဲ့ ပြောခဲ့ပါတယ်။
အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ဂျိုလီက “ဒါက အရမ်းကိုခက်ခဲခဲ့တာပါ။ လူသားအားလုံးလိုလိုတော့ ဒီလိုအခြေအနေကို ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေတွေက ကျွန်မတစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ ကျွန်မမိသားစုတစ်ခုလုံးအတွက် ခက်ခဲလွန်းတဲ့ ကာလတစ်ခုဖြစ်နေခဲ့လို့ပါ” လို့ မျက်ရည်တွေနဲ့ ဂျိုလီက ရှင်းပြခဲ့ပါတယ်။
ဂျိုလီဟာသူမရဲ့ သူမရဲ့စိတ်နဲ့ ခန္ဒာအားလုံးကို ကလေးတွေပေါ်မှာပဲ ပစ်မှတ်ထားမြှုပ်နှံထားတယ်လို့ ပြောပြခဲ့ပြီး ဒီကလေးတွေက ကျွန်မရဲ့ကလေးတွေဖြစ်သလိုပဲ ၊ ကျွန်မနဲ့ ဘရက်ပစ်ရဲ့ ကလေးတွေပါပဲလို့ ပြောခဲ့ပါတယ်။ ဒီကလေးတွေကြောင့် သူတို့နှစ်ယောက်ရင့်ကျက်မှုပိုရှိခဲ့ကြပြီး ပိုပြီး ခိုင်မာလာခဲ့တယ်လို့ ဂျိုလီက အင်တာဗျူးမှာဖြေကြားသွားခဲ့ပါတယ်။
Mocha
#celebrity.thithtoolwin.com
Source : DailyMail