Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , BRIT Awards ဆုပေးပွဲတွင် One Direction အဖွဲ့က British Video Of The Year ဆုရရှိ

BRIT Awards ဆုပေးပွဲတွင် One Direction အဖွဲ့က British Video Of The Year ဆုရရှိ

| No comment

အဖွဲ့ဝင်တွေအားလုံးက တစ်ကိုယ်တော်လှုပ်ရှားမှုတွေ ကိုယ်စီလုပ်နေကြပေမယ့် One Direction အဖွဲ့ကတော့ BRIT Awards ဆုပေးပွဲမှာ ဆုတွေရနေတုန်းပါပဲ။

 ကမ္ဘာတစ်လွှားက Directioners  တွေက မဲပေးခဲ့ကြပြီး 'History' သီချင်းအတွက်ရရှိခဲ့တဲ့ British Video Of The Year ဆုကို ဆုပေးပွဲညမှာ  Liam Payne က တစ်ဖွဲ့လုံးကိုယ်စားတက်ရောက်ပြီး လက်ခံခဲ့ပါတယ်။

Simon Cowell နှင့် Nicole Scherzinger တို့က ဆုချီးမြှင့်ပေးခဲ့ပြီး Liam က “ကျွန်တော်တို့ အခုချိန်ထိ ဆုတွေရနေသေးတယ်ဆိုတာ ယုံတောင်မယုံနိုင်ပါဘူး။ ကျွန်တော်တို့က One Direction ပါ။ အမြဲတမ်းထာဝရ One Direction ပဲဖြစ်နေမှာပါ” လို့ ပရိသတ်တွေကို အာမခံခဲ့ပါတယ်။

Louis, Niall နှင့် Harry တို့ကလည်း ဆုပေးပွဲမတက်ရောက်ခဲ့ကြပေမယ့် Twitter မှာ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောခဲ့ကြပါတယ်။

Harry က “ဒီည BRIT Award အတွက် မဲပေးခဲ့ကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ အားပေးမှုက မယုံကြည်နိုင်လောက်အောင်ပါပဲ။ အမြဲတမ်းလည်း ဒီလိုပဲဖြစ်ခဲ့တာပါ။ ကျေးဇူးတင်ပါတယ်။ ချစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

Liam က “တကယ့်ကို မယုံနိုင်လောက်အောင် ကျွန်တော်တို့က ကမ္ဘာပေါ်မှာအတော်ဆုံးအဖွဲ့ပါပဲ… 'History' က အနာဂတ်ဖြစ်လာတဲ့အခါမှာတော့။ တကယ်ပြောတာပါ အားလုံးကို နောက်တစ်ခေါက်ထပ်ပြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်တော့ ပါးစပ်ဟောင်းလောင်းဖြစ်နေပြန်ပြီ” လို့ 'History' သီချင်းထဲက စာသားတွေသုံးပြီး အရွှန်းဖောက် ရေးသားခဲ့ပါတယ်။


Niall က “နောက်ထပ် BRIT Award အကောင်းဆုံး ဗီဒီယိုဆု တစ်ခုရတဲ့အတွက် @CalAurand နဲ့ @Fulwell73 တို့ကို ကျေးဇူးအကြီးအကျယ်တင်ပါတယ်။ အခုထိ အံ့ဩနေတုန်းပဲ။ ပရိသတ်တွေက မယုံနိုင်အောင်ပါပဲ။ ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

Louis ကလည်း “များစွာသော များစွာသော အချစ်များ!!!” လို့ ရေးသားပြီး ဗီဒီယိုလေးတစ်ခု တင်ခဲ့ပါတယ်။


ဆုပေးပွဲမှာ Little Mix အဖွဲ့က 'Shout Out To My Ex' သီချင်းနှင့် ဖျော်ဖြေခဲ့ပြီး ပထမဆုံး BRIT Award ကို ရရှိခဲ့ပါတယ်။ David Bowie နှင့် Rag'n'Bone Man တို့က ဆု ၂ ဆုစီရရှိခဲ့ပါတယ်။


RII

#celebriy.thithtoolwin.com

Src : MTV