Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မိဘတွေကနာမည်ကြီးဖြစ်တာကို အသက် ၁၃ နှစ်မပြည့်ခင်အထိတကယ်မသိခဲ့ဘူဆိုတဲ့ Brooklyn Beckham

မိဘတွေကနာမည်ကြီးဖြစ်တာကို အသက် ၁၃ နှစ်မပြည့်ခင်အထိတကယ်မသိခဲ့ဘူဆိုတဲ့ Brooklyn Beckham

| No comment

ဘောလုံးသမား အကျော်အမော် David Beckham နှင့် Spice Girl အဖွဲ့ဝင်ဟောင်း fashion icon Victoria Beckham တို့ရဲ့သား Brooklyn Beckham က နောက်ဆုံးထွတ် Wonderland မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာပါဝင်ခဲ့ပါတယ်။ သူက အသက် ၁၃ နှစ်မပြည့်ခင်အထိ သူ့မိဘတွေရဲ့ အောင်မြင်ကျော်ကြားမှုတွေအကြောင်း တကယ့်ကို ဘာမှမသိခဲ့ပါဘူးလို့ နွေဦးရာသီထုတ် မဂ္ဂဇင်းထဲမှာ ဝန်ခံထားပါတယ်။

“ကျွန်တော့် အသက် ၁၃ နှစ်မပြည့်ခင်အထိ သူတို့က နာမည်ကြီးတွေမှန်း မသိခဲ့ပါဘူး။ ကျွန်တော် ဘောလုံးပွဲတစ်ခုကို သွားကြည့်တော့ လူတွေက အဖေ့နာမည်ကို ခေါ်နေကြတယ်။ ကျွန်တော်လည်း ‘ဘာပါလိမ့်? ဘုရားရေ’ ဆိုပြီး ဖြစ်သွားတယ်။ ကျွန်တော့်ကတော့ သူ့တို့ကို အဲ့ဒီလို မမြင်ပါဘူး” အခု အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ Brooklyn က ဝန်ခံခဲ့ပါတယ်။

သိသွားပြီးပေမယ့်လည်း Brooklyn အတွက်တော့ သူ့ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းဖို့ကသာ အရေးကြီးတာပါ။

“ကျွန်တော့်မိဘတွေက ဒီလိုလူတွေဖြစ်လို့ ကျွန်တော်က ဒါတွေလုပ်နေတာမဟုတ်ဘူးဆိုတာ ကျွန်တော်လုပ်ထားတာတွေကို ထုတ်ပြပြီး လူတွေကို သက်သေပြရတာ တော်တော်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်” လို့ မေလ ၄ ရက်မှာ ထွက်ရှိလာမည့် သူ့ရဲ့ဓာတ်ပုံစာအုပ် What I See နှင့်ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။

Brooklyn က မဂ္ဂဇင်းထဲမှာပါဝင်တဲ့ ဓာတ်ပုံအချို့ကို Instagram မှာတင်ခဲ့ပါတယ်။

Brooklyn က သူ့မိဘတွေက ကျော်ကြားသူတွေဖြစ်ကြောင်း အစက သတိမထားမိခဲ့ပေမယ့်လည်း သူ့အတွက်တော့ သူ့ကို ပျိုးထောင်ပေးခဲ့တဲ့ သူတွေနှင့်အတူ နှစ်သက်ဖွယ် အမှတ်တရတွေရှိနေပါတယ်။

RII

#celebrity.thithtoolwin.com

Source : ET Canada