Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဂျက်စပဲရိုးဇာတ်ကားသစ် Dead Men Tell No Tales ရဲ့ဇာတ်လမ်းနမူနာသစ်ထွက်ရှိလာ

ဂျက်စပဲရိုးဇာတ်ကားသစ် Dead Men Tell No Tales ရဲ့ဇာတ်လမ်းနမူနာသစ်ထွက်ရှိလာ

| No comment

တနင်္ဂနွေနေ့က New England Patriots နဲ့  Atlanta Falcons တို့ရဲ့ ပြိုင်ပွဲမှာ Pirates of the Caribbean ဇာတ်ကားသစ် Dead Men Tell No Tales ဇာတ်လမ်းနမူနာသစ်ထွက်ရှိလာပါတယ်။

ပထမဆုံးဇာတ်လမ်းနမူနာက ပြီးခဲ့တဲ့ အောက်တိုဘာလကထွက်ရှိခဲ့တာဖြစ်ပြီး Javier Bardem က ဗီလိန် Captain Salazarအဖြစ်ပါဝင်ထားပြီးJohnny Depp ရဲ့ Captain Jack Sparrowကိုအရိပ်အယောင်တောင် ပြမသွားပါဘူး။ ဒီတစ်ခါမှာတော့ Depp က နမူနာဆုံးခါနီးလေးမှာပါလာပါတယ်။

Johnny Depp က Pirates of the Caribbean: Dead Men Tell No Tales ဇာတ်လမ်းအတွက် ပင်လယ်ပြင်မှာ အတိုက်အခိုက်ကျွမ်းကျင်တဲ့ anti-hero Jack Sparrowအဖြစ် ရုပ်ရှင်ပိတ်ကားပေါ်ကို ပြန်ရောက်လာပါပြီ။ အန္တရာယ်တွေပြည့်နက်နေတဲ့ စွန့်စားခန်းမှာDevil’s Triangle က လွတ်မြောက်လာပြီး အထူးသဖြင့် Jack အပါအဝင် ပင်လယ်ပြင်မှာရှိတဲ့ ပင်လယ်ဓားပြတွေအားလုံးကိုသတ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ေ ကြာက်ဖို့ကောင်းတဲ့ Captain Salazer (Javier Bardem)ခေါင်းဆောင်တဲ့ အန္တရာယ်အရှိဆုံး တစ္ဆေသင်္ဘောသားတွေ ရောက်လာတဲ့အခါအချိန်မှာ ကပ္ပတိန်ဂျက်ရဲ့ ကံနိမ့်နေတဲ့အချိန်နဲ့ တိုက်ဆိုင်လာတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။




 Jack အသက်ရှင်နိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ ဒဏ္ဍာရီလာ Poseidon ၏ သုံးခွမှိန်းပေါ်မှာ
မူတည်နေပါတယ်။ ဒါပေမယ့် အဲ့ဒါကိုရှာဖို့အတွက် အလွန်တော်ပြီးလှပတဲ့ နက္ခတ္တဗေဒပညာရှင် Carina Smyth (Kaya Scodelario) ၊ တော်ဝင်ရေတပ်ထဲက ခေါင်းမာတဲ့ သင်္ဘောသားလေးHenry (Benton Thwaites) တို့နဲ့ အတိုင်အဖောက်မညီတဲ့ မဟာမိတ်ဖွဲ့ရတော့မှာပါပဲ။

Depp က Jack Sparrow အဖြစ် ပြန်လည်ပါဝင်ထားပြီး Orlando Bloom (Will Turner), Geoffrey Rush (Captain Barbossa), Kevin McNally (Gibbs), နဲ့ Stephen Graham (Scrum) တို့လည်း ပြန်လည်ပါဝင်လာပါတယ်။

Pirates of the Caribbean: Dead Men Tell No Tales ဇာတ်ကားကို မေလ ၂၆
ရက်မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW