Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တစ်ကိုယ်တော်လှုပ်ရှားမှုရဲ့အောင်မြင်မှုတွေနဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေအကြောင်းပြောပြတဲ့ EXO အဖွဲ့ဝင် Chen

တစ်ကိုယ်တော်လှုပ်ရှားမှုရဲ့အောင်မြင်မှုတွေနဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေအကြောင်းပြောပြတဲ့ EXO အဖွဲ့ဝင် Chen

| No comment


EXO အဖွဲ့ဝင် Chen က Singles မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ လူသိများတဲ့ ချိုသာတဲ့ ပင်ကိုစရိုက်နှင့် ဆန့်ချင်ဘက် တောက်ပတဲ့ပုံစံနှင့် ခပ်ကြမ်းကြမ်းဆွဲဆောင်မှုမျိုးကို ပြသခဲ့ပါတယ်။



အင်တာဗျူးထဲမှတော့ ပြီးခဲ့တဲ့နှစ်ကို ပြန်တွေးကြည့်ရင်း အဆိုတော်တစ်ယောက်အနေနှင့် ရင့်ကျက်လာပုံတွေနှင့် ရှေ့ဆက်ပြီး တိုးတက်လာအောင် ဘယ်လိုကြိုးစားသွားမယ်ဆိုတဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့ပါတယ်။

အောင်မြင်တဲ့ စံချိန်တွေအများကြီးတင်ခဲ့ပြီး အခြားအဆိုတော်တွေနှင့် တွဲဖက်သီဆိုမှုတွေနှင့်အတူ ၂၀၁၆ ခုနှစ်က EXO အဖွဲ့အတွက် အောင်မြင်တဲ့နှစ်တွေထဲက တစ်နှစ်ပါပဲ။ အထူးသဖြင့် Chen က တစ်ကိုယ်တော်လှုပ်ရှားမှုတွေ အဖွဲ့ခွဲလှုပ်ရှားမှုတွေနှင့် ဖြန့်ကျက်လာတာဖြစ်ပါတယ်။

UNICEF ပရဟိတဖျော်ဖြေပွဲမှာ စန္ဒယားပညာရှင် Steve Barakett နှင့်အတူ “Imagine” သီချင်းကို သီဆိုခဲ့ခြင်း၊ SM STATION မှာ အကြိမ်များစွာပါဝင်ခြင်း၊ “Sugar Man” အစီအစဉ်မှာ အဖွဲ့ဝင် Chanyeol နှင့်အတူပါဝင်ခြင်းတို့ပြုလုပ်ခဲ့ပါတယ်။

Chen က EXO အဖွဲ့ဝင်တွေဖြစ်တဲ့  Xiumin နှင့် Baekhyun တို့နှင့်အတူ EXO-CBX အဖွဲ့ခွဲ ဖွဲ့စည်းပြီး mini album တစ်ချပ် ထွက်ရှိခဲ့ပါတယ်။ “၂၀၁၆ ခုနှစ်က ကျွန်တော့်အတွက်တော့ အဆိုတော်တစ်ယောက်အနေတဲ့ ပိုပြီးရည်မှန်းချက်ကြီးလာတဲ့ နှစ်တစ်နှစ်ပါ။ အထူးသဖြင့် EXO-CBX အဖြစ်လှုပ်ရှားရင်းနဲ့ပေါ့။ ‘Hey Mama' သီချင်းအတွက် လှုပ်ရှားမှုတွေပြီးပြီးချင်း (အဖွဲ့ခွဲအနေနဲ့) နောက် album အတွက် စဆွေးနွေးမိတဲ့အထိပါပဲ” လို့ Chen က ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ်မှာ လူကြိုက်များတဲ့ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ “Descendants of the Sun” နှင့် “Scarlet Heart: Goryeo” တို့အတွက်လည်း ဇာတ်ဝင်သီချင်း သီဆိုပေးခဲ့ပြီး လူအများဆီက ချီးမွမ်းမှုတွေ ရရှိခဲ့ပါသေးတယ်။



“ကျွန်တော်က ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေထက် သီချင်းကပေးချင်တဲ့ မက်ဆေ့ခ်ျကို ပိုပြီးတော့ နားလည်အောင်ကြိုးစားတယ်။ ကျွန်တော်က သရုပ်ဆောင်တစ်ယောက်မဟုတ်တဲ့အတွက် ဂီတအမြင်ရှုထောင့်ကနေ ချဉ်းကပ်တာက ကျွန်တော့်အတွက် သင့်တော်မယ်လို့ ထင်တယ်။ ကျွန်တော်က အပြည့်အဝနားလည်ထားပြီး ပွင့်လင်းတဲ့အမြင်နဲ့ သီဆိုရင် သီချင်းက ဇာတ်ဝင်ခန်းနဲ့ လိုက်ဖက်မယ်လို့ ယုံကြည်တယ်” လို့ ရှင်းပြခဲ့ပါတယ်။

Chen က ၂၀၁၇ ခုနှစ်ကိုလည်း  “Missing 9” ဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်သီချင်းနှင့် စဖွင့်ခဲ့ပြီး Dynamic Duo အဖွဲ့ရဲ့ “Mixxxture” project မှာလည်း ပါဝင်ခဲ့ပါတယ်။ သူတို့ရဲ့ “Nosedive” သီချင်းဟာ music charts တွေမှာ ရလဒ်ကောင်းတွေ ရရှိခဲ့ရုံသာမကဘဲ ဘာပရိုမိုးရှင်းမှမလုပ်ဘဲ “Inkigayo” မှာ ဆုရရှိခဲ့ပါတယ်။

Chen က သူ့အရည်အချင်းအတွက် ဒီလိုပရောဂျက်တွေကနေတစ်ဆင့် အသိအမှတ်ပြုမှုတွေကို တဖြည်းဖြည်း ရရှိလာပေမယ့် “ကျွန်တော် အသံသွင်းခဲ့တာတွေကို ပြန်နားထောင်ကြည့်ရင် အပြည့်အဝစိတ်ကျေနပ်တာမျိုး မရှိသေးဘူး။ ကျွန်တော် အများကြီး ကြိုးစားရဦးမှာပါ” လို့ နှိမ့်ချပြီးပြောပြခဲ့ပါတယ်။ Chen က သူ့ဘဝပန်းတိုင်က သူ့ကိုယ်တိုင် ရွေးချယ်ထားတဲ့ ဂီတအမျိုးအစားနှင့် စတိုင်ကို ကိုယ်တိုင် ရေးစပ်သီဆိုပြီး လူတွေကို ဂီတရဲ့ ပျော်ရွင်မှုကို သိလာအောင်လုပ်ဖို့ဖြစ်ကြောင်း ဖော်ပြခဲ့ပြပါတယ်။

အဖွဲ့ဝင် Xiumin နှင့် ညီအစ်ကိုလို ခင်မင်မှု၊ သူရဲ့ ဘဝနေထိုင်မှုပုံစံနှင့် အကြောင်းအရာပေါင်းများစွာကိုလည်း Chen က ဆွေးနွေးခဲ့ပြီး အင်တာဗျူးအပြည့်အစုံကို မတ်လထုတ် Singles မဂ္ဂဇင်းမှာ ဖတ်ရှုနိုင်ပါတယ်။

RII

#celebrity.thithtoolwin.com
Source : Soompi