Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , 'FIFA U-20 World Cup Korea 2017' အတွက် အဓိကသီချင်းကို သီဆိုပေးမယ့် NCT Dream အဖွဲ့

'FIFA U-20 World Cup Korea 2017' အတွက် အဓိကသီချင်းကို သီဆိုပေးမယ့် NCT Dream အဖွဲ့

| No comment

NCT Dream အဖွဲ့က 'FIFA U-20 World Cup Korea 2017' အတွက် တရားဝင်သီချင်းကို သီဆိုပေးမှာဖြစ်ပါတယ်။

NCT Dream အဖွဲ့ကို 'FIFA U-20 World Cup Korea 2017' အတွက် သံတမန်တွေအဖြစ်ဆောင်ရွက်ရန် ခန့်အပ်ခြင်း အခမ်းအနားကို ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ကျင်းပမှာဖြစ်ပါတယ်။ သူတို့ရဲ့ သီချင်းကို
အခန်းအနားအမျိုးမျိုးနှင့် U-20 ကမ္ဘာ့ဖလား ကစားပွဲစဉ်တွေမှာ အဓိကသီချင်းအဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။

FIFA U-20 ဆိုတာကတော့ အသက် ၂၀ အောက် ဘောလုံးကစားသမားတွေနှင့် ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ဒီဗိုလ်လုပွဲဟာ ငယ်ရွယ်တဲ့ NCT Dream အဖွဲ့ဝင်တွေနှင့် လုံးဝကို ကွက်တိပါပဲ။ ဒီသီချင်းကတော့ မတ်လ ၁၅ ရက်မှာ
ထွက်ရှိလာမှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : allkpop