Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၆ ကြိမ်မြောက် Gaon Chart Music Awards ဆုပေးပွဲတွင် ဆုရှိကြသူများ

၆ ကြိမ်မြောက် Gaon Chart Music Awards ဆုပေးပွဲတွင် ဆုရှိကြသူများ

| No comment




ပြီးခဲ့တဲ့နှစ်က K-pop လောကမှာ အထူးချွန်ဆုံးနှင့် တောက်ပခဲ့ကြတဲ့ အနုပညာရှင်များကို ဂုဏ်ပြုဖို့အတွက် ၆ ကြိမ်မြောက် Gaon Chart Music Awards ဆုပေးပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်က ကျင်းပခဲ့ပါတယ်။


ဆုပေးပွဲကို ဆိုးလ်မြို့မှာရှိတဲ့ Jamshil Indoor Gymnasium မှာ ကျင်းပခဲ့ပြီး Super Junior အဖွဲ့ဝင် Lee Teuk နှင့် MAMAMOO အဖွဲ့ဝင် Solar တို့က တင်ဆက်ပေးခဲ့ပါတယ်။

Album ရောင်းချနှုန်းကို ယောက်ျားလေးအဖွဲ့တွေက စိုးမိုးထားပြီး digital music အတွက်တော့ မိန်းကလေးအဖွဲ့တွေက ထိပ်ဆုံးက ရပ်တည်နေပါတယ်။ EXO အဖွဲ့က ၃ လတစ်ကြိမ် Album ရောင်းချနှုန်းအတွက် ဒုတိယ ၃ လနှင့် တတိယ ၃ လအတွက် Artist of the Year ဆုကိုရရှိခဲ့ပြီး၊ Artist of Fan Choice ဆုအတွက် တစ်ဦးချင်းဆုကိုရော အဖွဲ့လိုက်ဆုပါအပါအဝင် ဆုပေါင်း ၄ ဆု ရရှိခဲ့ပါတယ်။ သူတို့သီချင်းတွေကို ရေးသားပေးတဲ့ တေးရေး Jo Yoon Kyung ကလည်း Song Writer of the Year ဆုကိုရရှိခဲ့ပါတယ်။

BLACKPINK အဖွဲ့နှင့် TWICE အဖွဲ့တို့ကလည်း BLACKPINK အဖွဲ့က ဩဂုတ်လနှင့် နိုဝင်ဘာလအတွင်းနှင့် TWICE အဖွဲ့က ဧပြီလနှင့် အောက်တိုဘာလအတွင်း ၂ လစာ လစဉ်သီချင်းရောင်းချရမှုအတွက် Artist of the Year Award ဆုကို ရရှိခဲ့ပါတယ်။ BLACKPINK အဖွဲ့က Rookie of the Year ဆုကိုလည်း ရရှိခဲ့ပြီး TWICE အဖွဲ့ရဲ့ stylist Choi Hui Seon က Style of the Year ဆုကို ရရှိခဲ့ပါတယ်။


BTS အဖွဲ့ကလည်း အဖွဲ့အတွက်သာမကဘဲ နောက်ကွယ်ကလှုပ်ရှားတဲ့သူတွေအတွက်လည်း ဆုရရှိခဲ့ပါတယ်။ BTS အဖွဲ့က ၃ လတစ်ကြိမ် Album ရောင်းချနှုန်းအတွက် စတုတ္ထ ၃ လအတွက် Artist of the Year ဆုနှင့် V LIVE Global Popularity ဆုကို ရရှိခဲ့ပါတယ်။ Big Hit Entertainment ရဲ့ Bang Shi Hyuk က Producer of the Year ဆုနှင့် Son Seung Deuk က ကကွက်တီထွင်မှုအတွက် Style of the Year ဆုကို ရရှိခဲ့ပါတယ်။

ဆုရရှိသူစာရင်းအပြည့်အစုံကို အောက်တွင်ဖတ်ရှုနိုင်ပါတယ်။


Artist of the Year (Album – Quarterly)
First Quarter: GOT7
Second Quarter: EXO
Third Quarter: EXO
Fourth Quarter: BTS
Artist of the Year (Song – Monthly)
January: GFRIEND
February: MAMAMOO
March: Jang Bum Joon
April: TWICE
May: Urban Zakapa
June: SISTAR
July: Wonder Girls
August: BLACKPINK
September: Lim Chang Jung
October: TWICE
November: BLACKPINK
December: BIGBANG
Rookie of the Year – Album: NCT 127
Rookie of the Year – Song: BLACKPINK
Style of the Year – Choreography: Son Seung Deuk (BTS)
Style of the Year – Stylist: Choi Hui Seon (TWICE)
Discovery of the Year – R&B: Dean
Discovery of the Year – Hip hop: BewhY
Discovery of the Year – Indie: Bolbbalgan4
Discovery of the Year – Ballad: Han Dong Geun
V LIVE Global Popularity: BTS
Song of the Year – International Pop: Maroon 5
International Rising Star of the Year : Charlie Puth
Popular Singer of the year: MC the Max
Long-Run Song of the Year: MC the Max
Producer of the Year: Bang Shi Hyuk
K-pop Contribution of the Year: SECHSKIES
Song Writer of the Year: Jo Yoon Kyung (EXO)
Composer of the Year: Black Eyed Pilseung
World Hallyu Star: SHINee
Hot Performance of the Year: INFINITE, SEVENTEEN
Artist of Fan Choice – Individual: Sehun (EXO)
Artist of Fan Choice – Group: EXO
Performer of the Year – Chorus: Kim Ryeong
Performer of the Year – Musical Instrument: Lee Seong Yeol, Choi Tae Wan

RII
#celebrity.thithtoolwin.com
Source : Soompi