Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အမြွှာလေးတွေရဲ့ ဖခင်ဖြစ်တော့မယ့် မင်းသားကြီး George Clooney

အမြွှာလေးတွေရဲ့ ဖခင်ဖြစ်တော့မယ့် မင်းသားကြီး George Clooney

| No comment


ခန့်မှန်းချက်တွေအများကြီး ထွက်ခဲ့ပြီးနောက်မှာတော့ George နှင့် Amal Clooney တို့က အမြွှာလေးတွေရဲ့ မိဘဖြစ်တော့မည့်အကြောင်း The Talk ရဲ့တင်ဆက်သူ Julie Chen က ကြေညာလိုက်ပါတယ်။

“အမြွှာလေးတွေကို ကိုယ်ဝန်ဆောင်ထားရတာ Beyoncé တစ်ယောက်တည်းမဟုတ်ပါဘူး။

 George နှင့် Amal Clooney တို့ကိုလည်း ဂုဏ်ပြုပေးလိုက်ကြပါဦး။ အသက် ၅၅ နှစ်အရွယ် မင်းသားနဲ့ အောင်မြင်မှုတွေအများကြီးရရှိထားတဲ့ ရှေ့နေဖြစ်သူ အသက် ၃၉ နှစ်အရွယ်ဇနီးတို့က အမြွှာလေးတွေကို မျှော်လင့်နေကြကြောင်း The Talk က အတည်ပြုလိုက်ပါတယ်” လို့ ကြာသပတေးနေ့က ထုတ်လွှင့်ခဲ့တဲ့ CBS daytime program မှာ Chen က ကြေညာခဲ့ပါတယ်။

“ဘယ်သူမှ မကြေညာရသေးတဲ့ သတင်းကတော့ အမြွှာလေးတွေကို ဇွန်လထဲမှာ မွေးဖွားမှာဖြစ်တယ်ဆိုတာပါပဲ။ သူတို့နှစ်ယောက် လက်ထပ်ခဲ့တာ ၂နှစ်ခွဲလောက်ရှိပါပြီ” လို့ Chen က ပြောခဲ့ပါတယ်။

Amal ကို ပြီခဲ့တဲ့လကတည်းက အင်္ကျီခပ်ပွပွဖြစ်ပေမယ့် စတိုင်ကျတဲ့ အဝတ်အစားတွေ ဝတ်ထားတာတွေ့ခဲ့ရပေမယ့် ကိုယ်ဝန်ရှိနေတယ်ဆိုတာတော့ အတည်မပြုခဲ့ပါဘူး။
၂၀၁၅ ခုနှစ် မေလတုန်းက CBS This Morning တင်ဆက်သူ Charlie Rose က George ကို ဖခင်ဖြစ်ဖို့ စဉ်းစားဖူးလားလို့မေးတော့ အစပိုင်းမှာတော့ “မစဉ်းစားသေးပါဘူး” လို့ပြန်ဖြေခဲ့ပါတယ်။

“ကျွန်တော် ပြောချင်တာက စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဦးစားပေးတော့ မဟုတ်သေးပါဘူး။ လက်ထပ်လိုက်ပြီးတော့ ကလေးသရုပ်ဆောင်တွေပါတဲ့ ဇာတ်ကားမှာလည်း သရုပ်ဆောင်ဖြစ်နေတော့ အခုတလော ခဏခဏမေးခံရတယ်။ မေးခွန်းတွေက ဘယ်လောက်ခြားနားပြီး တီထွင်မှုရှိတယ်ဆိုတာ ခင်ဗျားကြားသင့်တယ်။” လို့ဖြေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က စပိန်နိုင်ငံမှာ Amal ရဲ့ ၃၉ နှစ်ပြည့်မွေးနေ့ကို George ရဲ့ မိဘတွေဖြစ်တဲ့ Nina နှင့် Nick Clooney တို့နှင့်အတူ ကျင်ပခဲ့ပြီးနောက်မှာ ကိုယ်ဝန်ရှိနေတဲ့သတင်း ထွက်လာတာဖြစ်ပါတယ်။

သူတို့နှစ်ယောက်က စက်တင်ဘာလတုန်းက ၂ နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပခဲ့ပြီး “ခိုင်မြဲမှာ မဟုတ်ပါဘူး” ဆိုပြီး သံသယဝင်နေကြတဲ့သူတွေကို “သူတို့မှားတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီ” လို့ မင်းသားက ET ကို ဟာသအဖြစ်ပြောခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : ET Online