Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , Han Solo ဇာတ်ကား ရိုက်ကူးရေးမှ သရုပ်ဆောင်များပါဝင်သော ပထမဆုံးဓာတ်ပုံထွက်ရှိလာ

Han Solo ဇာတ်ကား ရိုက်ကူးရေးမှ သရုပ်ဆောင်များပါဝင်သော ပထမဆုံးဓာတ်ပုံထွက်ရှိလာ

| No comment

အမည်မပေးရသေးတဲ့ Han Solo Star Wars ဇာတ်ကားရိုက်ကူးရေး စတင်နေပါပြီ။

သက်သေအဖြစ် ပရိသတ်တွေ စိတ်အားထက်သန်စွာ စောင့်စားနေတဲ့ ဒါရိုက်တာ Phil Lord နှင့် Christopher Miller (The LEGO Movie) တို့နှင့်အတူ Alden Ehrenreich (Hail, Caesar!) က လူပေလူညစ်လေးအဖြစ် ပါဝင်ထားတဲ့ ဒီဇာတ်ကားအတွက် ပထမဆုံးဓာတ်ပုံထွက်ရှိလာပါတယ်။

 (ရှေ့တန်းမှာ ထိုင်နေပြီး Millennium Falcon ကို ထိန်းချုပ်ထားတာကတော့ Lord နှင့် Miller တို့ဖြစ်ပြီး Ehrenreich ကတော့ လယ်သာဂျာကင်ကို ဝတ်ဆင်ထားပါတယ်)

ဒီဇာတ်ကားမှာ ပါဝင်မည့် သရုပ်ဆောင်တွေကတော့ Woody Harrelson, Game of Thrones မင်းသမီး Emilia Clarke, Atlanta မင်းသား Donald Glover (Lando Calrissian အဖြစ်), Westworld မင်းသမီး Thandie Newton (ပုံတွင်မပါ), Fleabag သရုပ်ဆောင် Phoebe Waller-Bridge တို့နှင့်အတူ Joonas Suotamo က Chewbacca အဖြစ်ပါဝင်ထားပါတယ်။ ဝါရင့် Star Wars ဇာတ်ညွှန်းရေးသူ Lawrence Kasdan နှင့် သားဖြစ်သူ Jon တို့ ရေးသားထားတဲ့ ဒီဇာတ်လမ်းကို ဖေဖော်ဝါရီလ ၂၀ ရက်က စတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

“စိတ်ကူးစိတ်သန်းထက်မြက်တဲ့၊ တစ်မူထူးခြားတဲ့ ဖွင့်ဟပုံကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာအနှံ့ကသူတွေ အနုပညာကို ဖန်တီးဖို့ ရည်ရွယ်ချက်တစ်ခုတည်းနှင့် စုစည်းလာကြတာဟာ အံ့ဖွယ်ပါပဲ။ အရမ်းစိတ်လှုပ်ရှားနေပြီး အရမ်းကံကောင်းတယ်လို့ ခံစားရတဲ့အတွက် ဟာသပြောဖို့အတွက်တောင် စဉ်းစားလို့မရတော့ပါဘူး” လို့ Lord နှင့် Miller တို့ကပြောပြခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှာ The Last Jedi Episode VIII ကို ရုံတင်ပြသပြီးနောက် ၅ လအကြာတွင် အမည်မပေးရသေးတဲ့ Han Solo Star Wars ဇာတ်ကားကို ၂၀၁၈ ခုနှစ် မေလ ၂၅ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com
Source : EW