Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Hip-Hop ဂီတကို မြတ်နိုးပြီး La La Land ရုပ်ရှင်ကို နှစ်သက်တဲ့ Kris Wu

Hip-Hop ဂီတကို မြတ်နိုးပြီး La La Land ရုပ်ရှင်ကို နှစ်သက်တဲ့ Kris Wu

| No comment

Billboard မဂ္ဂဇင်းက အဆိုတော်နှင့် သရုပ်ဆောင် Kris Wu ကို Hip-Hop ရဲ့ အလှမ်းကျယ်ပုံ၊ Drake ရဲ့ အနုပညာနှင့် သူသဘောကျနှစ်သက်တဲ့ ရုပ်ရှင်တွေအကြောင်း အပါအဝင် အကြောင်းအရာ အမျိုးမျိုးကို မေးမြန်ဖြစ်ခဲ့ပါတယ်။

“အခြေခံကျကျပြောရရင် တရုတ်နိုင်ငံမှာရော ကိုရီးယားနိုင်ငံမှာပါ Hip-Hop ဂီတက အမေရိကက လွှမ်းမိုးမှုတွေပါနေပါတယ်။ သူတို့က အတော်ဆုံးပဲလေ။ အသံပိုင်းမှာ သူတို့က အတွေ့အကြုံအများဆုံးပဲ” လို့ Wu က ရှင်းပြပါတယ်။

ဆက်လက်ပြီး အသက် ၂၆ နှစ်အရွယ် rapper က အော်စကာ ဆန်ကာတင်စာရင်းဝင်နေတဲ့ La La Land ဇာတ်ကားကို ထူးထူးခြားခြား သဘောကျနှစ်သက်မိကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
“La La Land က တကယ်တော့ အရမ်းကောင်းပါတယ်။

အရမ်းကောင်းတဲ့ ရုပ်ရှင်ပါ။ ကျွန်တော် အဲ့ဒီဇာတ်ကားကို အရမ်းသဘောကျတယ်။ ပုံမှန်ဆိုရင် ကျွန်တော်က musical movie တွေကို သဘောမကျပေမယ့် ဒီတစ်ခုကတော့ သေချာပေါက် တစ်ခုခုကွဲပြားနေတယ်” လို့ Wu က Billboard မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

အင်တာဗျူးအပြည့်အစုံကို အောက်တွင်ကြည့်ရှုနိုင်ပါတယ်။




RII

#celebrity.thithtoolwin.com

Source : Billboard