Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အမိုက်စားဖျော်ဖြေမှုတွေနဲ့ပွဲခံခဲ့တဲ့ Lady Gaga ရဲ့ Super Bowl Halftime Show ဖျော်ဖြေမှု

အမိုက်စားဖျော်ဖြေမှုတွေနဲ့ပွဲခံခဲ့တဲ့ Lady Gaga ရဲ့ Super Bowl Halftime Show ဖျော်ဖြေမှု

| No comment

Lady Gaga က တနင်္ဂနွေနေ့မှာSuper Bowl 51 Halftime Showအတွက် ကမ္ဘာ့အကြီးဆုံးစင်မြင့်မှာဖျော်ဖြေခဲ့ပါတယ်။ အထူးဧည့်သည် Tony Bennettကို countdown စတင်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပြီးကတိပေးထားတဲ့အတိုင် ၁၃ မိနစ်အတွင်းမှာလေပေါ်ပျံဝဲပြီးဖျော်ဖြေသွားပါတယ်။

အားကစားကွင်းရဲ့ ခေါင်မိုးပေါ်ကနေစတင်ပြီးGaga က “God Bless America” နှင့် “This Land is Your Land”အပိုဒ်အနည်းငယ်ကိုသီဆိုခဲ့ပါတယ်။ dronesတွေနှင့် ဝန်ရံထားပြီးလေထဲမှာဝိုင်ယာကြိုးနှင့် တွဲလောင်းချခါေ ခါင်မိုးပေါ်ကနေကွင်းထဲကိုမခုန်ချခင် Pledge of
Allegianceကိုရွတ်ပြခဲ့ပါတယ်။

ကွင်းထဲရောက်တာနှင့် Gaga က အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်ခဲ့တဲ့ “Edge of Glory,” “Bad Romance,” Poker Face,” “Born This Way,” “Telephone,” နှင့် “Just Dance”သီချင်းတွေကိုရောနှောပြီးဖျော်ဖြေခဲ့ပါတယ်။

Gaga ကစင်ပေါ်မှာရွေ့လျားရင်းအကတွေကိုအားသွန်ခွန်စိုက်
ဖျော်ဖြေခဲ့ပြီးkey-tarကိုတီးခတ်နေစဉ်နောက်ခံအကသမားတစ်ယောက်
မိုက်ကိုကိုင်ထားပေးခဲ့ပါတယ်။

နောက်တော့ ပရိသတ်လူအုပ်ကြီးကအီလက်ထရွန်းနစ် မီးတောက်တွေကိုကိုင်ထားစဉ်မှာGagaကစန္ဒယားတီးခတ် ဖျော်ဖြေခဲ့ပါတယ်။

“ဘယ်လိုနေကြလဲ?”လို့မေးခဲ့ပြီးနောက်ဆုံးထွက် အယ်လ်ဘမ် Joanne ထဲက “Million Reasons”ကိုစတင်မသီဆိုခင်မှာ “အားလုံးပျော်အောင်လုပ်ပေးဖို့
ရောက်လာတာပါ” လို့ပြောခဲ့ပါတယ်။

ပြောင်ပြောင်လက်လက်တွေကနေဘောလုံးဝတ်စုံပုံစံအဖြစ်ပြောင်းလဲခဲ့ပြီးပရိသတ်တွေအတွက်

၂၀၀၉ ခုနှစ်ကအောင်မြင်ခဲ့တဲ့ “Bad Romance”သီချင်းကိုအပြည့်အဝသီဆိုခဲ့ပါတယ်။
အဆုံးမသတ်ခင်မှာအကသမားတွေအများကြီးတစ်ဖက်တစ်ချက်မှာဝန်းရံပြီးစင်မြင့်ပေါ်ကပေါက်ကွဲမှုကြီးတွေနှင့်ဖျာ်ဖြေမှုကိုအထွတ်အထိပ်ထိဆွဲယူခဲ့ပါတယ်။

မိုက်ကိုလွှတ်ချပြီးဘောလုံးကိုမဖမ်းခင် “Super Bowl 51!”လို့အော်သွားခဲ့ပါတယ်။ နောက်တော့ Gaga ကပလက်ဖောင်းပေါ်ကနေခုန်ချသွားပြီးHalftime Showကိုအရှိန်အဟုန်နှင့်
အဆုံးသတ်ခဲ့ပါတယ်။ Super Bowlမစတင်ခင်မှာပရိသတ်တွေနှင့် ဝေဖန်ရေးသမားတွေကGaga ကHalftime Showမှာ နိုင်ငံရေးစကားတွေပြောမလားလို့ သိချင်နေခဲ့ကြပါတယ်။ Gaga
ကpro-LGBT သီချင်းဖြစ်တဲ့ “Born this Way” သီချင်းကိုသီဆိုသွားပေမယ့်
သမ္မတTrump နှင့် သူ့ရဲ့လတ်တလောဆုံးဖြတ်ချက်တွေအကြောင်းကိုတော့
ပေါ်တင်ထည့်မပြောသွားပါဘူး။

“Halftime Showမှာ ကျွန်မပြောမှာတစ်ခုတည်းကတော့ ကျွန်မအနုပညာသက်တမ်းတစ်လျှောက်လုံးတောက်လျှောက်ပြောလာတာတွေပါပဲ။ ကျွန်မကမခွဲမခြားဘဲအားလုံးပါဝင်တာကိုယုံကြည်တယ်။ ကျွန်မကသာတူညီမျှ စိတ်ဓာတ်ကိုယုံကြည်တယ်။ ဒီနိုင်ငံကအချစ်တွေ၊ ကရုဏာတွေ၊ အကြင်နာတွေနဲ့ တစ်သားတည်ရှိနေတယ်ဆိုတာကိုယုံကြည်တယ်။ ဒီတော့ ကျွန်မရဲ့ေ ဖျာ်ဖြေမှုမှာဒီခံယူချက်တွေပါဝင်မှာပါ” လို့ပြီးခဲ့တဲ့တစ်ပတ်ကစာနယ်ဇင်းရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

 Halftime Showကိုပရိသတ်တွေနှင့် မျှဝေဖို့စိတ်အားထက်သန်နေကြောင်းလည်းဖော်ပြသွားပါတယ်။ “ကျွန်မအတွက် မဟုတ်ပဲ၊ ကျွန်မပရိသတ်တွေအတွက်လို့ ခံစားရပါတယ်။ အထူးသဖြင့် အမိုက်စားကလေးတွေထိုင်တဲ့ စားပွဲမှာအတူထိုင်ခွင့်မရတဲ့ ကလေးအတွက်၊ သူ့ကိုအရှိကိုအရှိအတိုင်းလက်မခံနိုင်တဲ့ မိဘတွေကြောင့် အိမ်ကနှင်ချခံရတဲ့
ကလေးအတွက်၊ အဲ့ဒီလိုကလေးအတွက် စင့်မြင့်ပေါ်မှာ ၁၃ မိနစ်ဖျော်ဖြေခွင့်ရတာပါ။ သူတို့အတွက် ပေးဖို့ စိတ်အားထက်သန်နေပါတယ်” Gaga က ပြီခဲ့နှစ်ကပထမဆုံးအကြိမ်အဖြစ် Super Bowlမှာ အမေရိကန်နိုင်ငံတောင်သီချင်းကိုသီဆိုခဲ့တာဖြစ်ပါတယ်။



( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW