Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Lee Joon Gi ရဲ့ Youtube ဗီဒီယိုတစ်ခုတည်းကို ကြည့်ပြီး “Resident Evil” မှာပါဝင်ဖို့ ကမ်းလှမ်းခဲ့တဲ့ ဒါရိုက်တာ

Lee Joon Gi ရဲ့ Youtube ဗီဒီယိုတစ်ခုတည်းကို ကြည့်ပြီး “Resident Evil” မှာပါဝင်ဖို့ ကမ်းလှမ်းခဲ့တဲ့ ဒါရိုက်တာ

| No comment

“Resident Evil: The Final Chapter” ကိုရိုက်ကူးတဲ့ ဒါရိုက်တာ Paul Anderson က Youtube ဗီဒီယိုတစ်ခုတည်းကို ကြည့်ပြီး Lee Joon Gi ကို သူ့ဇာတ်ကားမှာပါဝင်သင့်တယ်လို့ အခိုင်အမာ ယုံကြည်ခဲ့တာဖြစ်ပါတယ်။

ဖြစ်ပုံကတော့ Paul Anderson က Lee Joon Gi သရုပ်ဆောင်ထားတဲ့ တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းတစ်ခုကို Youtube မှာကြည့်ပြီး အေဂျင်စီကို ချက်ချင်းဆက်သွယ်ပြီး ကမ်လှမ်းခဲ့တာဖြစ်ပါတယ်။ လူအများစုက လူရွေးပွဲဝင်ရတာကြောင့် ဒီလိုအဖြစ်အပျက်က ဟောလိဝုဒ်မှာ မကြာခဏဖြစ်လေ့ရှိတာတော့မဟုတ်ပါဘူး။ Lee Joon Gi ရဲ့ စွန့်စားသရုပ်ဆောင်မှုစွမ်းရည်နှင့် ဩဇာအာဏာပါတဲ့ စူးစိုက်ကြည့်တတ်တဲ့ အကြည့်တွေကြောင့် Paul Anderson က အထူးကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အစပိုင်းမှာ Lee Joon Gi က ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း အေဂျင်စီက ဖော်ပြခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ Lee Joon Gi က တခြားဇာတ်ကားတစ်ခုရိုက်နေတာကြောင့် အလှုပ်များနေတာဖြစ်ပါတယ်။ သူက ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး ဟောလိဝုဒ်ရုပ်ရှင်တွေမှာ ပါဝင်ဖူးတဲ့ အတွေ့အကြုံမရှိတာကြောင့် ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း Paul Anderson က ဆက်တိုက်ကမ်းလှမ်းနေခဲ့တာကြောင့် နောက်ဆုံးမှာ သူ့ရဲ့ဇွဲကောင်းမှုက အနိုင်ရခဲ့ပါတယ်။ ဒါကြောင့်ပဲ “Resident Evil” နောက်ဆုံးဇာတ်ကားမှာပါဝင်ဖို့ သရုပ်ဆောင်တွေနှင့် စက်အဖွဲ့သားတွေရှိနေတဲ့ တောင်အာဖရိကကို သွားဖြစ်ခဲ့တာပါ။

Lee Joon Gi က ကိုရီးယာမှာ အကျော်ကြားဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်ပေမယ့် ဟောလိဝုဒ်မှာ တစ်ခါမှမလှုပ်ရှားဖူးတာကြောင့် သူ့ကိုယ်သူ တက်သစ်စသရုပ်ဆောင်တစ်ယောက်လို သဘောထားပြီး ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ Milla Jovovich က “Lee Joon Gi က စတန့်တွေကို ဘာကြိုးမှမသုံးဘဲ သူကိုယ်တိုင်သရုပ်ဆောင်တယ်။ သူက အဲ့ဒီလောက်ကို တော်တာပါ။ စတန့်သရုပ်ဆောင်မှု အဆင့်အတန်းအသစ်ကို မြင်လိုက်ရသလိုပဲ” လို့ပြောပြီး သူ့ရဲ့ တွဲဖက်သရုပ်ဆောင်ကို ချီကျူးခဲ့ပါတယ်။ Lee Joon Gi  ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းက အချိန်တိုပေမယ့် အကျိုးသက်ရောက်မှုရှိပါတယ်။


( RII )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Soompi