Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ယောက်ျားပီသခြင်းနှင့် အနာဂတ်အကြောင်းပြောပြတဲ့ Nam Joo Hyuk

ယောက်ျားပီသခြင်းနှင့် အနာဂတ်အကြောင်းပြောပြတဲ့ Nam Joo Hyuk

| No comment


Elle မဂ္ဂဇင်းက မတ်လအတွက်ထုတ်အတွက် ရိုက်ကူးထားတဲ့ သရုပ်ဆောင် Nam Joo Hyuk ရဲ့ ဓာတ်ပုံတွေကို ဖေဖော်ဝါရီလ ၂၀ ရက်က ထုတ်ပေးခဲ့ပါတယ်။ အင်တာဗျူးထဲမှာ Nam Joo Hyuk က “ကျွန်တော့်ပုံစံက ရိုးသားဖြူစင်တဲ့ဘက်ကို ပိုရောက်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။

ဒီတော့ ရှေ့ဆက်ပြီးတော့ အနာဂတ်မှာ ပိုရင့်ကျက်ပြီး ယောက်ျားပီသတဲ့ ဆွဲဆောင်မှုမျိုးကို ပြသပေးချင်တယ်။

မင်းသားက သရုပ်ဆောင်မှုနှင့် ပတ်သက်ပြီးတော့လည်း “ကျွန်တော် အခုထက်ပိုပြီးတော့ သရုပ်ဆောင်တာ ပိုကောင်းလာအောင် ဘယ်လိုလုပ်ရမလဲ၊ ကျွန်တော့်ရဲ့ စိတ်ရင်းကို သရုပ်ဆောင်မှုကနေတစ်ဆင့် ဘယ်လိုဖော်ပြရမလဲဆိုတဲ့ မေးခွန်းတွေအများကြီး
ကိုယ့်ကိုကိုယ့်ပြန်မေးဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။

Nam Joo Hyuk က မော်ဒယ်လုပ်ခဲ့ဖူးတဲ့ အတိတ်နှင့် သရုပ်ဆောင်လုပ်နေတဲ့ အနာဂတ်တို့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ သူက “လွန်ခဲ့တဲ့ ၂ နှစ်ကအထိတောင် ကျွန်တော် မော်ဒယ်လုပ်နေခဲတာ။ အခုရောက်နေတဲ့ နေရာကိုေ ရာက်လာမယ်လို့ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး။ ကျွန်တော်က ဘယ်သူဖြစ်တယ်ဆိုတာကို အားလုံးကို ပြသချင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ သရုပ်ဆောင်ခြင်းကနေတစ်ဆင့်ပြသတာ ကောင်းမယ်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ကောင်းကွက်တွေကိုပြသဖို့ ဆက်လက်ပြီး
ကြိုးစားသရုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။


RII

#celebrity.thithtoolwin.com
Source : Soompi