Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Park Bo Gum ထက် Kwang Soo ကို ပိုချစ်ကြောင်း ဝန်ခံလိုက်တဲ့ Song Joong Ki

Park Bo Gum ထက် Kwang Soo ကို ပိုချစ်ကြောင်း ဝန်ခံလိုက်တဲ့ Song Joong Ki

| No comment


Song Joong Ki က သူ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြပြီး သူရယ် Park Bo Gum ရယ် Lee Kwang Soo ရယ်ကြားက သုံးပွင့်ဆိုင် bromance အချစ်ကို အဆုံးသတ်လိုက်ပါတယ်။

သရုပ်ဆောင် Park Bo Gum က ထိုင်းနိုင်ငံမှာ ပရိသတ် ၄၀၀၀နှင့်အတူ 2016-2017 Asia Tour ပရိသတ်တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်က ကျင်းပခဲ့ပါတယ်။ ပရိသတ်တွေအတွက် ဝမ်းသာစရာကောင်းတာကတော့
အထူးဧည့်သည်တော်တစ်ယောက်ကိုပါ တစ်ပါတည်းခေါ်လာတာပါပဲ။ Park Bo Gum က မိတ်ဆွေကောင်းဖြစ်တဲ့ Song Joong Ki ကို ပရိသတ်တွေဆုံပွဲကို ဖိတ်ခေါ်လာခဲ့တာဖြစ်ပါတယ်။


သူတို့နှစ်ယောက်က ညီအစ်ကိုရင်းလို ရင်းနှီတဲ့ ဆက်ဆံရေးမျိုးဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် ထောက်ခံအားပေးကြောင်း
ချစ်ခင်ကြောင်းဖော်ပြလေ့ရှိပါတယ်။ Park Bo Gum ကလည်း Song Joong Ki ရဲ့ ပရိသတ်တွေ့ဆုံပွဲကို တက်ရောက်ခဲ့ဖူးတဲ့အတွက် အပြန်အလှန်အနေနှင့် Park Bo Gum ရဲ့ Asia Tour မှာပါဝင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေ့ဆုံပွဲ ကျင်းပနေစဉ်အတွင်းမှာ Song Joong Ki ကို တွေ့လိုက်တိုင်း ဘယ်လိုခံစားမိလဲဆိုပြီး Park Bo Gum ကို မေးခဲ့ပါတယ်။

နည်းနည်းလောက်စဉ်းစားလိုက်ပြီး Park Bo Gum က Song Joong Ki အကြောင်းတွေကို စာရင်းလုပ်ပြခဲ့ပါတယ်။ သူက Song Joong Ki မှာ “ချောမောတဲ့ မျက်နှာရှိကြောင်း”  “အရမ်းကို ချိုသာတဲ့အသံရှိကြောင်း” “ခန္ဓာကိုယ် တောင့်တင်းကြောင်း” ပြောပြခဲ့ပါတယ်။ ဒီမှာတင်ရပ်လိုက်ရင်ရပေမယ့် Park Bo Gum က ဆက်လက်ပြီး ချီးမွမ်းစကားတွေဆိုနေတဲ့အတွက် Song Joong Ki က မတ်တပ်ထရပ်လိုက်ပြီး
အရမ်းရိုမန့်တစ်ဆန်နေတာမဟုတ်ဘူးလားဆိုပြီး မေးခဲ့ပါတယ်။

Park Bo Gum က ဆက်လက်ပြီး Song Joong Ki က ကြင်နာတတ်ပြီး သူ့အနားမှာရှိတဲ့သူတွေကို ဂရုစိုက်တတ်တဲ့အတွက် အရမ်းယောက်ျားပီသကြောင်း ပြောပြခဲ့ပါတယ်။ Song Joong Ki ပျာယာခတ်သွားအောင် စကားကုန်သုံးပြီး ဝန်ခံလိုက်တာကတော့ “ကျွန်တော်သာ မိန်းကလေးဖြစ်ခဲ့မယ်ဆိုရင် အစ်ကိုနဲ့
တွဲချင်မယ်ထင်တယ်။ Song Joong Ki ကို ကျွန်တော်နဲ့အတူ ရှိနေစေချင်တယ်။

တကယ်ပြောတာပါ။ ကျွန်တော့် နှလုံးသားထဲကလာတဲ့ စကားပါ” လို့ပြောခဲ့ပါတယ်။ Song Joong Ki ရဲ့ တုံပြန်ချက်ကတော့ “တကယ် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်မှာ Kwang Soo ရှိပြီးသားပါ” လို့ပြန်ဖြေခဲ့ပါတယ်။

Lee Kwang Soo နှင့် Song Joong Ki တို့က အရမ်းခင်တဲ့ သက်တူရွယ်တူ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး သူတို့မှာ ဖြတ်တောက်လို့မရတဲ့နှောင်ကြိုးရှိနေတယ်ဆိုတာ ဘယ်သူမှငြင်းပယ်လို့မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Song Joong Ki က သူ့ရဲ့ ဂျုနီယာကို တကယ်ကို ဂရုစိုက်ပြီး စောင့်ရှောက်ပေးပါတယ်။



( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : KoreaBoo