Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / R2-D2 အသစ်ကို Star Wars ဇာတ်ကားတွေမှာ တွြေု့မင်ရတော့မည်

R2-D2 အသစ်ကို Star Wars ဇာတ်ကားတွေမှာ တွြေု့မင်ရတော့မည်

| No comment

Star Wars ဇာတ်ကားတွေမှာ အားလုံးအသဲစွဲကြိုက်နှစ်သက်ကြတဲ့ စက်ရုပ်ကလေးတစ်ရုပ်ကို မျက်နှာသစ်ပုံစံနဲ့ တွေ့မြင်ရတော့မှာပါ။ Disney ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သရုပ်ဆောင် Jimmy Vee ဟာ လာမယ့် Star Wars ဇာတ်ကားသစ် The Last Jedi မှာ R2-D2 အနေနဲ့ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ကြောင်း သိရပါတယ်။

ဒါဟာဆိုရင် Star Wars ရဲ့ နဂို သရုပ်ဆောင် Kenny Baker ရဲ့ မနှစ်က ကွယ်လွန်သွားပြီးတဲ့နောက် ဒုတိယမြောက် သရုပ်ဆောင် ဖြစ်လာမှာပါ။ Vee ဟာ Doctor Who နဲ့ Harry Potter ဇာတ်ကားတွေမှာလည်း ပါဝင်ဖူးပါတယ်။

ဒီစက်ရုပ်ငယ်ကို လက်ထိန်းရီမုတ်နဲ့ CGI တွေ သုံးပြီး ဖန်တီးပေမယ့်လည်း သရုပ်ဆောင်တွေ ကိုယ်တိုင်ပါဝင်တာလောက် စိတ်တိုင်းမကျတာကြောင်း R2 ကို သရုပ်ဆောင်တွေနဲ့ပဲ ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ၂၀၁၅ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Star Wars: The Force of Awakens မှာ R2 မပါဝင်ခဲ့ပေမယ့် Character တွေကို Credi ပေးရာမှာ ပါဝင်ခဲ့ပါတယ်။

Vee ဖော်ပြချက် တစ်ခုအရ သူ့အနေနဲ့ ဒီလို Legendary ဇာတ်ကောင်တစ်ကောင်နေရာမှာ ပါဝင်ရတဲ့အတွက် အလွန်ဝမ်းမြောက်မိကြောင်း သိရပါတယ်။

( U Min Thant )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref: The Verge