Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / သီချင်းသစ်ထွက်မည့် Selena Gomez

သီချင်းသစ်ထွက်မည့် Selena Gomez

| No comment

Selena Gomez က American Music Award ဆုပေးပွဲမှာ ဆုရရှိခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆုလက်ခံစကားကို ပြောကြားသွားပြီးနောက်ပိုင်း ပရိသတွေရှေ့က ပျောက်ကွယ်နေခဲ့တာကြာပါပြီ။ ဒါပေမယ့် လူမှုကွန်ယက်မှာ ရိုရှင်းတဲ့ပို့စ်လေးတွေတင်ရင်းနှင့် ပြန်ရောက်လာပါပြီ။

“Same Old Love” သီချင်းအဆိုတော်ရဲ့ ပရိသတ်တွေအတွက် သောကြာနေ့က Instagram မှာ သီချင်းသစ်တစ်ပုဒ်ရဲ့ အပိုင်းအစလေးကို တင်ခဲ့ပါတယ်။

 တခြားပို့စ်တစ်ခုမှာလည်း နော်ဝေလူမျိုး DJ Kygo ကို tag လုပ်ထားတဲ့အတွက် သူနှင့်အတူ တွဲဖက်သီဆိုထားတဲ့ “It Ain’t Me” လို့အမည်ပေးထားတဲ့ သီချင်းဖြစ်မယ်လို့ ယူဆရပါတယ်။ Insta stories တွေက ၂၄ နာရီပြည့်ရင် ပျောက်ကွယ်သွားတာကြောင့် Selena Gomez News ဆိုတဲ့ Twitter စာမျက်နှာတစ်ခုက ကူးယူထားပြီး သီချင်းရဲ့ နှစ်ပိုင်းစလုံးကို ပြန်တင်ပေးခဲ့ပါတယ်။

အတည်မပြုရသေးတဲ့ သီချင်းရဲ့ ပထမပိုင်းမှာ Gomez ရဲ့ မျက်နှာတစ်ခြမ်းပုံနှင့် ပါးစပ်ပေါ်မှာ အမည်းရောင် X နှင့်ဖုံးထားတဲ့ဓာတ်ပုံပါဝင်ပြီး စာသားတွေကတော့ “I had a dream / we were back to 17 / summer nights and liberties / never growing up,” လို့ပါရှိပြီး ဒုတိယပိုင်းမှာတော့ Kygo လုပ်လေ့ရှိတဲ့ သံစဉ်ပုံစံပါရှိပါတယ်။

Selena က သီချင်းသစ်လည်းလုပ်နေပေမယ့် 13 Reasons Why လို့အမည်ရတဲ့ Netflix ဇာတ်လမ်းတွဲမှာလည်း executive producer အဖြစ်လုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းက ရောင်းအားအကောင်းဆုံး လူငယ်ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပြီး မတ်လ ၃၁ ရက်မှာ စတင်ထုတ်လွှင်မှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW