Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Suicide Squad ဇာတ်ကား အော်စကာဆုရရှိ

Suicide Squad ဇာတ်ကား အော်စကာဆုရရှိ

| 1 Comment


ဟုတ်ကဲ့.၊ DC ရဲ့ဇာတ်ကား ဘယ်လောက်ညံ့တယ်လို့အသံတွေ ထွက်ခဲ့ထွက်ခဲ့၊ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့၊ Sucide Squad ကတော့ အော်စကာတစ်ဆု ရရှိသွားပါပြီ။

 ဆုကတော့ ဇာတ်ကားမှာ ပါဝင်အားဖြည်ခဲ့ကြတဲ့ Allessandro Bertolazzi, Giorgio Gregorini နဲ့ Christopher Nelson တို့က အကောင်းဆုံး မိတ်ကပ်နဲ့ ဆံပင်စတိုင် ဆုအတွက် ရရှိခဲ့ကြတာပါ။ ဒါဟာဆိုရင် Suicide Squad လို သာမန်မဟုတ်ပဲ အသတ်အပုတ်ဇာတ်ဝင်ခန်းများစွာပါဝင်တဲ့ ဇာတ်ကားတစ်ကားက ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

တကယ်လို့ Academy Awards ကို ဆိုးရွားတဲ့ မှတ်ချက်တွေနဲ့ မှတ်တမ်းအတင်မခံရဘူးဆိုရင်တော့ ဒီဆုဟာ ထင်ရှားတဲ့ ဇာတ်ကောင်တစ်ကောင်အတွက်ပဲ ရရှိခဲ့တာဖြစ်နိုင်ပါတယ်။ Joker ပါပဲ။ တကယ်လို့ Jared Leto ရဲ့ Joker ဟာ မိတ်ကပ်တွေ မပါဘူးဆိုရင် ဘာမှမဟုတ်ပါဘူး။ ဒါဟာလည်း အလွယ်တကူနဲ့ ထင်ထင်ရှားရှား ဖြစ်စေခဲ့တဲ့ Ledger ရဲ့ Joker နဲ့ ကွာသွားတဲ့အချက်တွေထဲက တစ်ချက်ပါပဲ။

ကျေးဇူးတင်စကားမှာ အီတာလျံရွှေ့ပြောင်းအခြေချတစ်ဦးဖြစ်တဲ့ Bertolazzi က “ဒီဆုက Immigrants (ရွှေ့ပြောင်းအခြေချ) အားလုံး အတွက်ပါပဲ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။ Suicide Squad ရဲ့ ဆုဟာ Star Trek Beyond နဲ့ A Man Called Ove ဇာတ်ကားတွေကို ကျော်ပြီး ရရှိခဲ့တာပါ။

U Min Thant

#celebriy.thithtoolwin.com

Src : The Verge