Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Super Bowl pre-party ဖျော်ဖြေမှု ၂၀၁၇အတွက် တစ်ခုတည်းသော ဖျော်ဖြေမှုဖြစ်ကြောင်း Taylor Swift ပြော

Super Bowl pre-party ဖျော်ဖြေမှု ၂၀၁၇အတွက် တစ်ခုတည်းသော ဖျော်ဖြေမှုဖြစ်ကြောင်း Taylor Swift ပြော

| No comment

Taylor Swift က နောက်ဆုံးထွက်ထားတဲ့ သီချင်းတွေကို Super Bowl ပွဲမစခင် သွေးပူလေ့ကျင့်ခန်းအနေနှင့် Houston မှာ ပထမဆုံးအဖြစ် တိုက်ရိုက်ဖျော်ဖြေခဲ့ပြီး ပရိသတ်တွေ မမျှော်လင့်ထားတဲ့ သတင်းကိုလည်း ကြေညာခဲ့ပါတယ်။

ဂရမ်မီဆု ၁၀ ကြိမ်ရရှိထားတဲ့ အဆိုတော်ဟာ စနေနေ့ညက DIRECTV NOW Super Saturday Night pre-Super Bowl ဖျော်ဖြေပွဲမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ Texas မြို့က Club Nomadic မှာ John Legend, Chrissy Teigen, Chris Evans, Lea Michele နှင့် United States’ 2016 Olympic အဖွဲ့သားတွေပါဝင်တဲ့ လူအုပ်ကြီးကို သူက ၂၀၁၇နှစ်ထဲမှာ ကမ္ဘာလှည့်ဖျော်ဖြေမှုတွေ လုပ်မှာမဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

“ဒီညဖျော်ဖြေပွဲကို လာတာက ဒီနှစ်ရဲ့ ဖျော်ဖြေပွဲကို ရာနှုန်းပြည့်တက်လိုက်တာပါပဲ” လို့ပြောကြားခဲ့ပါတယ်။

Orange Is the New Black သရုပ်ဆောင် Ruby Rose က ဖျော်ဖြေပွဲကို DJ နှင့် စဖွင့်လိုက်ပြီး  ၂၇ နှစ်အရွယ်အဆိုတော်က  Zayn Malik နှင့်အတူသီဆိုထားတဲ့ “I Don’t Wanna Live Forever” သီချင်းကို ဂစ်တာကိုင်ပြီး အနှေးပုံစံနှင့် ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ဖျော်ဖြေခဲ့ပါတယ်။

Swift နှင့် Malik က Fifty Shades Darker ဇာတ်ဝင်သီချင်းဖြစ်တဲ့ ဒီသီချင်းအတွက် သီချင်းဗီဒီယို ကို ဇန်နဝါရီလ ၂၆ ရက်က ထွက်ရှိခဲ့ပြီး Billboard Hot 100 မှာ နံပါတ် ၅ နေရာရောက်ရှိခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW