Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , T-Mobile Super Bowl ကြော်ငြာနှင့်အတူ Instagram ပေါ်ပြန်ရောက်လာတဲ့ Justin Bieber

T-Mobile Super Bowl ကြော်ငြာနှင့်အတူ Instagram ပေါ်ပြန်ရောက်လာတဲ့ Justin Bieber

| No comment

ရက်သတ္တပတ် ၂၂ ပတ်လောက် လူမှုကွန်ယက်ကနေ အနားယူပြီးတဲ့နောက်မှာတော့ Justin က ဖေဖော်ဝါရီလ ၃ ရက်မှာ Instagram ပေါ်ပြန်ရောက်လာခဲ့ပြီး သူပါဝင်ထားတဲ့ T-Mobile Super Bowl ကြော်ငြာကို တင်ခဲ့ပါတယ်။

Justin က အဲ့ဒီတုန်းက သူနဲ့တွဲနေတယ်လို့ သတင်းထွက်ခဲ့တဲ့ Sofia Richie ကို ဦးတည်တဲ့ ပရိသတ်တွေရဲ့ ကြမ်းတမ်းတဲ့ ကွန်မန့်တွေကြောင့် သူ့ရဲ့ Instagram ကို ပြီးခဲ့တဲ့ ဩဂုတ်လက deactivate လုပ်ခဲ့တာဖြစ်ပါတယ်။ သောကြာနေ့က ပြန်ဖွင့်ခဲ့တဲ့အချိန်မှာတော့ အရင်ကတင်ခဲ့တဲ့ ဓာတ်ပုံတွေနှင့် ၇၇.၁ သန်းရှိတဲ့ follower တွေလည်း ဒီအတိုင်းပဲရှိနေပါသေးတယ်။

T-Mobile ကြော်ငြာသစ်ထဲမှာ သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ Justin က ဘောလုံးပွဲကျင်းပတဲ့ ရာဇဝင်ဖြစ်စဉ်ကို ပြောပြထားပါတယ်။ ဒီထဲမှာ နောက်ခံသီချင်းအဖြစ် သူ့ရဲ့ "Children" သီချင်းတီးလုံးကို အသုံးပြုထားပါတယ်။

တစ်ခါပဲတင်ပြီး ရပ်သွားမှာလား၊ Instagram ပေါ်ကို တကယ်ပြန်ရောက်လာတာလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။



( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Billboard