Batman သီးသန့်ဇာတ်ကားအဖြစ်နဲ့ ထွက်လာမယ့် The Batman ဇာတ်ကားကို မင်းသား Ben Affleck ဟာ ယခင်က ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးမယ်လို့ ဆိုခဲ့ပေမယ့် ယခုအခါမှာတော့ ကိုယ်တိုင်ရိုက်ကူးနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
သရုပ်ဆောင်အနေနဲ့ Warner Bros နဲ့ ပရိုဂျူဆာအဖြစ် ပါဝင်ထားတာကြောင့် ပရိတ်သတ်တွေက Batman Solo ရုပ်ရှင်ကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးတာကို တွေ့မြင်လိုခဲ့ကြတာပါ။
Affleck ရဲ့ ပြောကြားချက်အရ သူ့အနေနဲ့ လုံလောက်တဲ့ အထောက်အပံ့တွေမရှိတာကြောင့်လည်း ကိုယ်တိုင်ရိုက်ဖို့အတွက် ဆုံးဖြတ်ချက်ကို ပြင်လိုက်ရတာဖြစ်ကြောင်း The Guardian နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
Ben Affleck ရဲ့ Batman အနေနဲ့ ပါဝင်ထားတဲ့ Justice League ဇာတ်ကားကို ဒီနှစ်ထဲမှာ DC နဲ့ Warner Bros တို့ ပူးပေါင်းထုတ်လုပ်မှာ ဖြစ်ပါတယ်။
( U Min Thant )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref: The Verge