Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , The Fate of the Furious (Fast and Furious 8) ဇာတ်ကားနမူနာသစ်ထွက်ရှိ

The Fate of the Furious (Fast and Furious 8) ဇာတ်ကားနမူနာသစ်ထွက်ရှိ

| No comment

Ghost in the Shell, Transformers: The Last Knight နှင့် Hulu ရဲ့The Handmaid’s Tale တို့ရဲ့လမ်းစဉ်လိုက်ပြီး The Fate of the Furious ကလည်း တနင်္ဂနွေနေ့က Super Bowl ပြသနေစဉ်မှာ ဇာတ်ကားနမူနာသစ်ကို ပြသခဲ့ပါတယ်။

First & Furious ဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းသစ်မှာ Dom (Vin Diesel) ကို ကမ္ဘာလှည့်နေတဲ့ သူ့မိသားစုကို အံ့တုပြီး မှုခင်းလောကသစ်ထဲ ဝင်ရောက်လာဖို့ ဖြားယောင်းတဲ့ Cypher အဖြစ် Charlize Theron ကို ပရိသတ်တွေနှင့် မိတ်ဆက်ပေးထားပါတယ်။ Dwayne Johnson က Hobbs အဖြစ် ပြန်လည်ပါဝင်လာပြီး အခုချိန်မှာတော့ အရမ်းအန္တရာယ်များပြီး လှည့်ကွက်တွေများတဲ့ နေရာကို ရောက်ရှိနေပါတယ်။

ဒါရိုက်တာ F. Gary Gray ရိုက်ကူးထားတဲ့ The Fate of the Furious ဇာတ်ကားမှာ Michelle Rodriguez, Jason Statham, Tyrese Gibson, Ludacris, Nathalie Emmanuel, Elsa Pataky နှင့် Kurt Russell တို့ပြန်လည်ပါဝင်ထားပါတယ်။ အသစ်ပါဝင်လာတဲ့သူတွေကတော့ Helen Mirren, Scott Eastwood နှင့် Kristofer Hivju တို့ဖြစ်ပါတယ်။



Johnson က ဇာတ်လမ်းနမူနာကို “အရမ်းပြင်းထန်တယ်” လို့ စနေနေ့ နံနက်က Instagram မှာ ရေးသားခဲ့ပါတယ်။ “Universal က အရမ်းကောင်းအောင်လုပ်ထားပါတယ်။ ဘောလုံးပွဲ ဒုတိယပိုင်းမှာ ကိုယ်တိုင်ကြည့်လိုက်ကြပါ” လို့ရေးသားခဲ့ပါတယ်။

The Fate of the Furious ဇာတ်ကားကို ဧပြီလ ၁၄ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW