မင်းသမီး Song Hye Kyo နှင့် မင်းသား Yoo Ah In တို့က ဖက်ရှင်မဂ္ဂဇင်းရဲ့ ၁၂ နှစ်ပြည့်အထိန်းအမှတ်ဖြစ် နောက်ဆုံးထွက် 'W' မဂ္ဂဇင်းမှာ ပူးပေါင်းပါဝင်ထားကြပါတယ်။
မြန်မာပြည်မှာ အွန်စောလို့ လူသိများတဲ့ Song Hye Kyo နတ်သမီးလေးလို တောက်ပတဲ့အလှကို လက်အနားမှာ အတွန့်အခေါက်တွေပါဝင်တဲ့ ဝတ်စုံအဖြူရောင်နှင့် စတိုင်ကျတဲ့ အဆင်တန်ဆာတွေကို ဝတ်ဆင်ထားပြီး မင်းသား Yoo Ah In ကတော့ အသစ်စက်စက် ရိတ်ထားတဲ့ ဆံပင်နှင့် peacoat ခပ်ပွပွနှင့် dress pants တို့ကို ဝတ်ဆင်ထားပြီး ယောက်ျားပီသတဲ့ ဆွဲဆောင်မှုကို ပုံဖော်ထားပါတယ်။
“သူတို့နှစ်ယောက်က Burberry's 2017 Fall/Winter Collection ကို အကြိုဝတ်ပြထားတာပါ။ Song Hye Kyo ဝတ်ထားတဲ့ လက်အနားမှာ အတွန့်အခေါက်တွေပါဝင်တဲ့ ဝတ်စုံအဖြူရောင်ကို လန်ဒန်မြို့မှာ ကျင်းပတဲ့ ပွဲမှာ ပြသခဲ့ပါတယ်” လို့ 'W' မဂ္ဂဇင်းရဲ့ ကိုယ်စားလှယ်က ပြောပြခဲ့ပါတယ်။
မတ်လမှာ ထွက်ရှိမယ် 'W' မဂ္ဂဇင်းက အမျိုးသားများအတွက်နှင့် အမျိုးသမီးများအတွက် ပုံစံနှစ်မျိုးပါရှိမှာဖြစ်ပါတယ်။ နောက်ကွယ်က အကြောင်းအရာတွေနှင့် အင်တာဗျုးကို 'W' မဂ္ဂဇင်း အဓိက website တွင် ဖတ်ရှုနိုင်ပါတယ်။
RII
#celebrity.thithtoolwin.com
Source :