Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဆလီနာနဲ့ The Weeknd တို့ကို မျက်နှာချင်းမဆိုင်ချင်လို့ ဂရမ်မီဆုပေးပွဲကို တက်ရောက်မှာမဟုတ်တဲ့ JB

ဆလီနာနဲ့ The Weeknd တို့ကို မျက်နှာချင်းမဆိုင်ချင်လို့ ဂရမ်မီဆုပေးပွဲကို တက်ရောက်မှာမဟုတ်တဲ့ JB

| No comment

၅၉ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကတော့ Drama တွေနဲ့ ပြည့်နေတော့မှာပါ။
 ကောင်မလေးတွေရဲ့ အသည်းစွဲအဆိုတော် ဂျက်စတင်ဘီဘာဟာ သူ့ရဲ့ ရည်းစားဟောင်းဖြစ်သူ ဆလီနာဂိုးမက်ဇ်နဲ့ ဆလီနာနဲ့ တွဲနေတယ်လို့ သတင်းထွက်နေတဲ့ အဆိုတော် The Weeknd တို့ကို ဂရမ်မီမှာ မျက်နှာချင်းမဆိုင်ချင်တာကြောင့် ဆုပေးပွဲကို တက်ရောက်နိုင်ချေမရှိဘူးလို့ သိရပါတယ်။

အကြောင်းရင်းကတော့ ဆလီနာဂိုးမက်ဇ်နဲ့ The Weeknd တို့ဟာ ဂရမ်မီရဲ့ ညပါတီကို စုံတွဲအနေနဲ့ အတူတူတက်ရောက်လာဖွယ်ရှိတယ်လို့ သတင်းထွက်နေပြီး ဘီဘာကတော့ ဒါတွေကို မမြင်ချင်လို့ ရှောင်ထွက်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

The Weeknd ဟာ ဂရမ်မီဆုပေးပွဲမှာ ဆလီနာဂိုးမက်ဇ်နဲ့အတူတူ ထိုင်ဖို့အတွက်လည်း ထိုင်ခုံနေရာတွေကိုအသေအချာပြင်ဆင်ခိုင်းထားတယ်လို့ သိရပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို ဂရမ်မီလိုပွဲမျိုးမှာ ပထမဆုံးချပြသွားဖွယ်ရှိနေပါတယ်။

ဆလီနာဂိုးမက်ဇ်နဲ့ The Weeknd တို့ကတော့ ပြီးခဲ့တဲ့ အပတ်တုန်းက တန်ဖိုးရှိတဲ့အချိန်တွေကို အီတလီနိုင်ငံက ဖလောရန့်စ်နဲ့ ဗင်းနစ်မြို့တွေမှာ အတူတူကုန်ဆုံးခဲ့ကြပြီး သူတို့ရဲ့ အချစ်ရေးကိုလည်း Instagram စာမျက်နှာမှာ ပရိသတ်သိအောင် ချပြထားပြီးပြီလည်းဖြစ်ပါတယ်။

( Mocha )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz