Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , X-Men ဇာတ်ကားသစ်ကို ဒီနှစ်ထဲတွင် ရိုက်ကူးမည်ဖြစ်ကြောင်း Sophie Turner အတည်ပြု

X-Men ဇာတ်ကားသစ်ကို ဒီနှစ်ထဲတွင် ရိုက်ကူးမည်ဖြစ်ကြောင်း Sophie Turner အတည်ပြု

| No comment

X-Men ဇာတ်ကားသစ်နှင့်ပတ်သက်ပြီး အင်တာနက်မှာ “X-Men: Supernova” ဆိုတဲ့အမည်နှင့် (X-Men: The Last Stand ရဲ့ မတော်တဆထိခိုက်မှုဇာတ်လမ်းအပြီးမှာ) နောက်ထပ် Dark Phoenix
ဇာတ်ကြောင်းတစ်ခုဖြစ်မယ်လို့ယူဆရတဲ့ ကောလဟာလတွေ ပြန့်လွင့်နေတာကြာပါပြီ။

ဘယ်သူက ဇာတ်ညွှန်းရေးသားမယ်၊ ဘယ်သူက ရိုက်ကူးမယ်၊ ဘယ်သူတွေပါဝင်မယ်ဆိုတာ တရားဝင်မကြေညာရသေးပေမယ့် မင်းသမီး Sophie Turner က ဒီနှစ်ထဲမှာ စတင်ရိုက်ကူမယ်ဆိုတဲ့ ကောလဟာလတွေကို အတည်ပြုပေးလိုက်ပါတယ်။

Game of Thrones မင်းသမီးကသာ Jean Grey အဖြစ်ပြန်ပါဝင်လာမည်ဆိုရင် သူ့ကို
ရှေ့တန်းမှာတွေ့ရမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

HeyUGuys က ရှေ့လျောက်လုပ်ရမယ့် အလုပ်ဇယားကို မေးရာမှာ “ကျွန်မတို့ X-Menေ နာက်တစ်ဇာတ်ကား တစ်ကားရိုက်တော့မှာပါ။ Game of Thrones ရဲ့ Season 7 ကို ရိုက်ပြီးသွားပြီ။ X-Men မစခင် တခြားဇာတ်ကားတွေ ရိုက်ဖို့ရှိသေးတယ်။ ပြီးရင် Season 8 ဆက်ရိုက်မယ်” လို့ Turner က ပြောပြခဲ့ပါတယ်။

X-Men: Apocalypse ကို ရေးသားထုတ်လုပ်ခဲ့တဲ့ Simon Kinberg က X-Men ဇာတ်ကားသစ်ဟာ ဇာတ်လမ်းရဲ့ လမ်းကြောင်းအတိုင်းလိုက်ပြီးတော့ေ နာက်ထပ်တစ်ကားကတော့ အချိန် ၁၀ နှစ်ကြာသွားပြီးနောက် ၁၉၉၀ ခုနှစ်အလွန်မှာ အခြေတည်မှာဖြစ်ကြောင်း အတည်ပြုခဲ့ဖူးပါတယ်။


Jim Lee ကြ ပန်လည်ဆန်းသစ်ထားတဲ့ ၁၉၉၀ ခုနှစ်အလွန်က ဇာတ်ကောင်းတွေက X-Menရုပ်ပြစာအုပ်တွေအတွက်တော့ ရောင်းအားတက်ခဲ့ပါတယ်။ အဲ့ဒါကို အခြေခံပြီး ပရိသတ်သဘောကျတဲ့ ကာတွန်းဇာတ်လမ်းတွဲတွေလည်းထွက်ခဲ့ပြီး တချို့တွေကို ခုခေတ်ထိလည်း သုံးနေတုန်းပါပဲ။ ဒါပေမယ့် ဒီဇာတ်ကားထဲမှာ အဲ့ဒီလူကြိုက်များခဲ့တဲ့ အကြောင်းအရာတွေ ပါလာမလားဆိုတာကတော့ေ စာင့်ကြည့်ရမှာပါ။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Coming Soon