Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , Ariana Grande နှင့် John Legend တို့ရဲ့ ‘Beauty and the Beast’ သီချင်းဗီဒီယိုထွက်ရှိ

Ariana Grande နှင့် John Legend တို့ရဲ့ ‘Beauty and the Beast’ သီချင်းဗီဒီယိုထွက်ရှိ

| No comment

Disney Ariana Grande နှင့် John Legend သီဆိုထားတဲ့ Beauty and the Beast ဇာတ်ဝင်သီချင်း ‘Beauty and the Beast’ အတွက် သီချင်းဗီဒီယို ထုတ်ပေးလိုက်ပါပြီ။

ဂန္ထဝင် Disney ကာတွန်းဇာတ်လမ်းကို Emma Watson က Belle အဖြစ်နှင့် Dan Stevens က Beast အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဒီဇာတ်ကားကို မတ်လ ၁၇ ရက်မှာ ရုံတင်တော့မှာဖြစ်ပါတယ်။

‘Beauty and the Beast’ သီချင်းဗီဒီယိုထဲမှာ ကပွဲခန်းမကျယ်ကြီးထဲမှာ Legend က စန္ဒယာတီးနေပြီး  Grande ကတော့ အနီရောင်ကပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားပြီး အတူတွဲဖက်သီဆိုထားပါတယ်။ နောက်ကွယ်မှာတော့ Belle နှင့် Beast တို့က သီချင်းအတိုင်း အတူတွဲကနေတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေကိုလည်း ထည့်သွင်းထားပါတယ်။

၁၉၉၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ကာတွန်းဇာတ်ကားထဲမှာတော့ ‘Beauty and the Beast’ သီချင်း ကို Celine Dion နှင့် Peabo Bryson တို့က တွဲဖက်သီဆိုခဲ့ပြီး ဂရမ်မီဆု ၂ ဆု၊ ရွှေကမ္ဘာလုံးဆု ၁ ဆုနှင့် အော်စကာဆုပေးပွဲမှာတော့ Best Original Song ဆုတို့ကို ရရှိခဲ့တာဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်တုန်းက ဇာတ်လမ်းထဲမှာ ကြားရတဲ့ပုံစံမျိုးကိုတော့ Angela Lansbury က သီဆိုခဲ့တာဖြစ်ပါတယ်။



ဇာတ်လမ်းထဲမှာ ကြားရတဲ့ပုံစံမျိုးကိုတော့ Mrs. Potts အဖြစ် အသံသရုပ်ဆောင်ထားတဲ့ Angela Lansbury က သီဆိုခဲ့ပြီး ဇာတ်ကားအသစ်အတွက်လည်း Emma Thompson က အဲ့ဒီလိုပဲလုပ်မှာဖြစ်ပါတယ်။

Grande နှင့် Legend တို့သီဆိုထားတဲ့ ‘Beauty and the Beast’ သီချင်းက မတ်လ ၁၀ ရက်မှာ ထွက်ရှိမည့် ဇာတ်ဝင်တေးများမှာ ခေါင်းစီးအဖြစ်ပါဝင်မှာဖြစ်ပြီး Celine Dion သီဆိုထားတဲ့ “How Does A Moment Last Forever” သီချင်းအသစ်လည်းပါဝင်မှာ ဖြစ်ပါတယ်။


RII

#celebrity.thithhtoolwin.com

Src : EW