Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Avatar 2 ဇာတ်ကား ထွက်မယ့်ရက်ကို ထပ်မံနောက်ဆုတ်

Avatar 2 ဇာတ်ကား ထွက်မယ့်ရက်ကို ထပ်မံနောက်ဆုတ်

| No comment


 

Avatar ဖန်တွေအနေနဲ့ ဒါရိုက်တာဖြစ်သူ James Cameron ရဲ့ ထုတ်လုပ်မယ့်ရက် နောက်ဆုတ်သွားတဲ့သတင်းအပေါ်တော့ သိပ်မပျော်ရွှင်ခဲ့ကြပါဘူး။
Avatar ဇာတ်ကားရဲ့ ဒုတိယမြောက်ဇာတ်ကားသစ်ကို လာမယ့် ၂၀၁၈ခုနှစ် ခရစ္စမတ်ကာလမှာ ထုတ်လုပ်ဖို့ အချိန်သတ်မှတ်ထားခဲ့တာပါ။ 

ဒါပေမယ့် ကင်မရွန်ရဲ့ Toronto Star ကို ပြောကြားချက်အရ ဇာတ်ကားကို Sequel အနေနဲ့ တစ်ကားထက်ပိုပြီးရိုက်ကူးနေတာကြောင့် ထပ်မံနောက်ဆုတ်သွားကြောင်း ဆိုခဲ့တာပါ။ သူက ‘ဟုတ်ကဲ့ ၂၀၁၈ကတော့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ထုတ်လုပ်မယ့်ရက်အတိအကျကို မကြေညာရသေးပါဘူး’ လို့ ပြောပါတယ်။

‘ကျွန်တော်တို့က Avatar 2 တစ်ကားထဲ ပြုလုပ်နေတာမဟုတ်ပါဘူး။ Avatar 2,3,4 နဲ့ 5 ဆိုပြီး ဆက်တိုက်ထွက်လာနိုင်အောင် ရိုက်ကူးနေတာပါ။ မြစ်ကျဉ်းသုံးခုရေကာတာကို တည်ဆောက်ရတာနဲ့ မတူပါဘူး’ လို့ ဆက်လက်ပြောပါတယ်။

အသက် ၆၂နှစ်အရွယ် ဒါရိုက်တာကြီးက ဒီဇာတ်ကားတွေအနေနဲ့ ဘာကြောင့်နောက်ကျခဲ့ရတယ်ဆိုတာလည်း ‘ကျွန်တော်တို့ဟာ တစ်ကားရိုက်ဖို့ အချိန် ၄နှစ်ကျော်လောက် ပေးရပါတယ်၊ အခုက ၄ကားဆက်တိုက်ရိုက်နေတာပါ’ လို့ သူက ရှင်းပြပါတယ်။ 

Avatar 3 ကို ၂၀၂၀ ခုနှစ်မှာ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး ၂၀၂၂မှာ Avatar 4၊ ၂၀၂၃ခုနှစ်မှာ Avatar 5 ဇာတ်ကားတွေ ထွက်လာမှာ ဖြစ်ကြောင်းလဲ သိရပါတယ်။
ဒီလိုစောင့်ရတဲ့အတွက် ထိုက်တန်စေရမယ်လို့လည်း ကင်မရွန်ကဆိုပါတယ်။ 

U Min Thant

#celebrity.thithtoolwin.com
Ref: Metro