Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဆံပင်အကောက်ပုံစံနဲ့ ညှို့အားပြင်းနေတဲ့ မော်ဒယ်လ် Bella Hadid

ဆံပင်အကောက်ပုံစံနဲ့ ညှို့အားပြင်းနေတဲ့ မော်ဒယ်လ် Bella Hadid

| No comment




Victoria’s Secret မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Bella Hadid ကတော့ သူမရဲ့ ဆံပင်ပုံစံအသစ်ကို Instagram စာမျက်နှာမှာ ဓာတ်ပုံတင်ထားခဲ့ပါတယ်။ Follower ၁၁ သန်းရှိတဲ့ သူမရဲ့ Instagram မှာ အနက်ရောင် one-piece နဲ့ ထိုင်နေတဲ့ပုံကို တင်ထားခဲ့တာဖြစ်ပြီး ကောက်ထားတဲ့ ဆံပင်ပုံစံနဲ့ အတော်လိုက်ဖက်နေတာကိုတွေ့ရပါတယ်။ 

“Still Goin” လို့ caption တပ်ထားတဲ့ ဓာတ်ပုံထဲမှာတော့ ဆံပင်ညှပ်ခုံပေါ်မှာ သူမ ထိုင်လျက်ရှိနေပြီး ဒူးလောက်အထိရှည်တဲ့ ဘွတ်ဖိနပ်ကြီးကိုလည်း စီးထားပါတယ်။ သူမကတော့ လတ်တလော ဖက်ရှင်ရှိုးတွေမှာ အလျှောက်များနေပြီး မကြာသေးခင်ကမှ Paris Fashion Week ကနေ ပြန်လည်ရောက်ရှိလာတာပါ။ H&M တို့လို နာမည်ကျော် brand ပွဲတွေမှာလည်း သူမ မော်ဒယ်လ်အဖြစ် လျှောက်နေရပြီး အစ်မဖြစ်သူ Gigi Hadid နဲ့ စင်ပြိုင်ဖြစ်လို့နေပါတယ်။ 

လောလောဆယ်မှာတော့ သူမရဲ့ ရည်းစားဟောင်း The Weeknd က ဆလီနာဂိုးမက်ဇ်နဲ့တွဲခုတ်နေလျက်ရှိပြီး သူမကတော့ single ဘဝနဲ့ ဖြတ်သန်းလျက်ရှိနေတာဖြစ်ပါတယ်။

Mocha
#celebrity.thithtoolwin.com

Ref : Aceshowbiz