Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အရက်စွဲနေတာကို ဖြတ်နိုင်ခဲ့တဲ့ Ben Affleck

အရက်စွဲနေတာကို ဖြတ်နိုင်ခဲ့တဲ့ Ben Affleck

| No comment





ကမ္ဘာကျော်ဟောလီးဝုဒ်မင်းသား Ben Affleck က သူ့ရဲ့ အရက်ဖြတ်မှုအတွက် တိတ်တဆိတ်ကုသနေမှုဟာ အဆုံးသတ်သွားခဲ့ပြီလို့ ထုတ်ဖော်ခဲ့ပါတယ်။
ကျွန်တော် အရက်စွဲနေတဲ့ အတွက် ဆေးကုသမှုခံယူခဲ့ပြီးပါပြီ၊ ဒီအရာကို အရင်ကလည်း ကျော်ဖြတ်ခဲ့သလို ဆက်ပြီးတော့လည်း ရင်ဆိုင်သွားဦးမှာပါ။ ကျွန်တော့်အနေနဲ့ အကောင်းမွန်၊ အပြည့်ဝဆုံး ဖခင်တစ်ယောက်ရဲ့ ဘဝနဲ့ နေထိုင်သွားချင်ပါတယ်။” လို့ သူက ကြာသပတေးနေ့တုန်းက တင်ခဲ့တဲ့ Facebook Post မှာ ရေးသားထားခဲ့တာပါ။

“ကျွန်တော့်ကလေးတွေကို သိစေချင်တာက အကူအညီလိုတဲ့အချိန် အကူအညီယူရတာဟာ ရှက်စရာမဟုတ်ဘူးဆိုတာပါပဲ၊ ပြီးတော့ လူတိုင်းက တစ်ခါတစ်လေမှာ အကူအညီ လိုအပ်နေပေမယ့် ပထမဆုံးတောင်းဖို့အတွက် ကြောက်ရွံ့နေမိတတ်ကြပါတယ်။ ကျွန်တော့်မှာ ကျွန်တော့်ကိုချစ်တဲ့ Jen (ချစ်သူဖြစ်သူ Jennifer Garner) အပါအဝင် မိသားစုနဲ့ မိတ်ဆွေတွေရှိတာ ကံကောင်းပါတယ်၊ Jen က ကျွန်တော့်ကို ကူညီထောက်ပံ့ခဲ့ပြီး ကလေးတွေကိုလည်း စောင့်လျှောက်ပေးခဲ့လို့သာ အခုလို အပြီးတိုင် ပြုလုပ်နိုင်ခဲ့တာပါ။ ဒါဟာဆိုရင် အပေါင်းလက္ခဏာဆောင်တဲ့ ပြန်လည်ထူထောင်မှုပိုင်းမှာ များစွာသောခြေလှမ်းတွေထဲက တစ်ခုဖြစ်ပါတယ်”  လို့ သူ့ရဲ့ Facebook Post မှာ ရေးသားထားခဲ့ပါတယ်။

RadarOnline.com ကလည်း အသက် ၄၄နှစ်အရွယ် အော်စကာဆုရှင်ဟာ ကယ်လီဖိုးနီးယားမှာရှိတဲ့ ဆေးခန်းတစ်ခုမှာ အရက်စွဲဖြတ်ဖို့အတွက် ပြုလုပ်နေခဲ့တာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
Batman မင်းသားဟာ ဒီသတင်းကြေညာလိုက်တဲ့အတွက် ဝမ်းသာသူတွေ များပြားခဲ့ကြပါတယ်။ Ben ဟာ ဒီနှစ်ထဲမှာထွက်မယ့် Justice League ဇာတ်ကားမှာလည်း Bruce Wayne (Batman) အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

U Min Thant

#celebrity.thithtoolwin.com
Ref:aceshowbiz