Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Billboard’s World Albums Chart မှာ “My Voice” အယ်လ်ဘမ်နဲ့ ဒုတိယနေရာရောက်နေတဲ့ Taeyeon

Billboard’s World Albums Chart မှာ “My Voice” အယ်လ်ဘမ်နဲ့ ဒုတိယနေရာရောက်နေတဲ့ Taeyeon

| No comment

Girls’ Generation အဖွဲ့ဝင် Taeyeon က သူရဲ့ ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်နှင့်အတူ Billboard’s World Albums Chart ရဲ့ ဒုတိယအမြင့်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

Taeyeon ရဲ့အယ်လ်ဘမ်သစ် “My Voice” ဟာ ဖေဖော်ဝါရီလ ၂၈ ရက်က ထွက်ရှိခဲ့တာဖြစ်ပြီး အောင်မြင်တဲ့ ခေါင်းစီးသီချင်း “Fine” လည်းပါဝင်ပါတယ်။ ဒီအယ်လ်ဘမ်က ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာမှာပါ အောင်မြင်ကြောင်း Billboard’s World Albums Chart မှာ မတ်လ ၁၈ ရက် ရက်သတ္တပတ်အတွက် နံပါတ် ၂ နေရာမှာ ရပ်တည်နေပြီး သက်သေပြခဲ့ပါတယ်။

“My Voice” ဟာ Billboard’s Heatseekers Albums chart ရဲ့ နံပါတ် ၁၉ နေရာမှာလည်း ရပ်တည်နေပြီး Independent Albums chart နံပါတ် ၄၃ နေရာမှာလည်း ရပ်တည်နေပါတယ်။

BTS အဖွဲ့ရဲ့ “You Never Walk Alone” အယ်လ်ဘမ်ကတော့ ဒီတစ်ပတ်အတွက် World Albums chart မှာဝင်ရောက်ခဲ့တဲ့ နောက်ထပ် K-pop အယ်လ်ဘမ်တစ်ခုဖြစ်ပြီး ရဲ့ နံပါတ် ၉ နေရာမှာ ရပ်တည်နေပါတယ်။

RII

#celebrity.thithtoolwin.com

Src : Soompi