Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , လက်တွဲဖြုတ်တော့မယ်လို့ သတင်းတွေထွက်နေတဲ့ Bradley Cooper နဲ့ Irina Shayk

လက်တွဲဖြုတ်တော့မယ်လို့ သတင်းတွေထွက်နေတဲ့ Bradley Cooper နဲ့ Irina Shayk

| No comment




မင်းသား Bradley Cooper နဲ့ နာမည်ကျော် မော်ဒယ် Irina Shayk တို့ရဲ့ ဆက်ဆံရေးကတော့ အဆင်မပြေဖြစ်နေတယ်လို့ သိရပြီး လမ်းခွဲဖို့အထိ ဖြစ်လာနိုင်တယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။ “American Sniper” မင်းသား Bradley ဟာ Irina Shayk နဲ့အတူ ပထမဆုံးရင်သွေးကို ရရှိတော့မှာဖြစ်ပေမယ့်လည်း နှစ်ယောက်ကြားမှာတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေမကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်တွေအရတော့ Bradley က မကြာသေးခင်ကမှ Irina ကို စိန်နဲ့မြခြံရံထားတဲ့ စေ့စပ်လက်စွပ်ကို ပေးခဲ့တယ်လို့သိရပြီး အခုအချိန်မှာတော့ အဲ့ဒီ ရိုးမန့်ဆန်မှုတွေက လေထဲရောက်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ 


နောက်ပိုင်းဘာသတင်းမှမထွက်အောင် low-profile နဲ့ သူတို့နှစ်ယောက်လုံးနေထိုင်လျက်ရှိနေကြပြီး ဒါဟာ မိဘတွေဖြစ်တော့မယ့်အတွက် ပြင်ဆင်နေတာဖြစ်ပါသတဲ့။ လမ်းခွဲမယ်လို့တော့ သတင်းကြီး တိတိကျကျထွက်မလာသေးပေမယ့်လည်း Irina ကတော့ ကလေးမီးဖွားတဲ့အခါ Bradley နဲ့ တစ်နေရာစီနေထိုင်ဖို့ ဆန္ဒရှိနေတာပါ။

ဒါကို Bradley က လက်မခံနိုင်ပါဘူး။ ဒါ့ကြောင့် သူတို့ဆက်ဆံရေးက အခုလိုဖြစ်လာခဲ့တာပါ။ လောလောဆယ်မှာတော့ သူတို့လမ်းခွဲတော့မယ်ဆိုတဲ့ သတင်းတွေသာပျံ့နှံ့လျက်ရှိနေပြီး ဒီသတင်းက အစစ်အမှန်ဟုတ်မဟုတ်ကတော့ ဘယ်သူမှ မသိကြသေးပါဘူး။

Mocha

#celebrity.thithtoolwin.com

Ref:Aceshowbiz