Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Clown တွေကို အရိုးစွဲအောင် ကြောက်လန့်သွားစေမည့် ပထမဆုံး ‘IT’ ဇာတ်ကားနမူနာ ထွက်ရှိလာ

Clown တွေကို အရိုးစွဲအောင် ကြောက်လန့်သွားစေမည့် ပထမဆုံး ‘IT’ ဇာတ်ကားနမူနာ ထွက်ရှိလာ

| No comment

New Line Cinema က Stephen King ရဲ့ IT ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ပရိသတ်တွေကို ထိတ်လန့်ကြောက်ရွံ့သွားစေမည့် ဇာတ်ကားနမူနာကို ပထမဆုံးအကြိမ် ထုတ်ပေးလိုက်ပါတယ်။
Maine ပြည်နယ် Derry မြို့မှာရှိတဲ့ ကလေးတွေ ပျောက်ဆုံးစပြုလာတဲ့ အချိန်မှာ ကလေးတစ်အုပ်စုက ရာစုနှစ်နှင့်ချီပြီးတော့ အကြမ်းဖက်မှုတွေ၊ လူသတ်မှုတွေ ကျူးလွန်ဖူးတဲ့ ရာဇဝင်ရှိတဲ့ မကောင်းဆိုးဝါး လူရွှင်တော် Pennywise နှင့် ထိပ်တိုက်ကြုံတွေ့ရတဲ့အခါမှာတော့ သူတို့ရဲ့ အကြီးမားဆုံး အကြောက်တရားနှင့် ရင်ဆိုင်ရပါတော့တယ်။

‘IT’ ဇာတ်ကားမှာ Bill Skarsgård (Allegiant, TV’s Hemlock Grove) က ဇာတ်လမ်းရဲ့ အဓိကကျတဲ့ ဗီလိန် Pennywise အဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။ လူငယ်သရုပ်ဆောင်တွေကတော့ Jaeden Lieberher (Midnight Special), Jeremy Ray Taylor (Alvin and the Chipmunks: The Road Chip), Sophia Lillis (37), Finn Wolfhard (TV’s Stranger Things), Wyatt Oleff (Guardians of the Galaxy), Chosen Jacobs (upcoming Cops and Robbers), Jack Dylan Grazer (Tales of Halloween) and Nicholas Hamilton (Captain Fantastic) တို့ဖြစ်ပါတယ်။

Stephen King ရဲ့ ဝတ္ထုကို အခြေခံထားတဲ့ IT ဇာတ်ကားကို Chase Palmer ၊ Cary Fukunaga နှင့် Gary Dauberman တို့က ဇာတ်ညွှန်းရေးသားထားပြီး Andrés Muschietti (Mama) က ရိုက်ကူးထားပါတယ်။ Roy Lee, Dan Lin, Seth Grahame-Smith, David Katzenberg နှင့် Barbara Muschietti တို့က ထုတ်လုပ်ထားပြီး Richard Brener, Dave Neustadter, Walter Hamada, Marty P. Ewing, Doug Davison နှင့် Jon Silk တို့က အမှုဆောင် ထုတ်လုပ်သူများဖြစ်ပါတယ်။
ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၈ ရက်မှာ Warner Bros. Pictures က ဖြန့်ချီသွားမှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Ref: Coomingsoon