Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၅ နှစ်ပြည့်မွေးနေ့ ကျင်းပခဲ့တဲ့ ပရိသတ်အချစ်တော် သုံးမြွာပူးလေး Daehan, Minguk နှင့် Manse

၅ နှစ်ပြည့်မွေးနေ့ ကျင်းပခဲ့တဲ့ ပရိသတ်အချစ်တော် သုံးမြွာပူးလေး Daehan, Minguk နှင့် Manse

| No comment

ကိုရီးယားနိုင်ငံရဲ့ လူချစ်လူခင်ပေါများတဲ့ သုံးမြွာပူးလေးက ၅ နှစ်ပြည့်သွားပြီဆိုတာ ယုံရခပ်ခက်ခက်ပါပဲ!
Song Il Gook ရဲ့သားတွေဖြစ်တဲ့ Daehan, Minguk နှင့် Manse ကို ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်က မွေးဖွားခဲ့တာဖြစ်ပြီး မင်းသားက သူ့သားလေးတွေ ၅ နှစ်ပြည့်မွေးနေ့ပွဲကို အတူတကွ ကျင်းပနေတဲ့ ဗီဒီယိုကို မျှဝေခဲ့ပါတယ်။

ဗီဒီယိုထဲမှာ သုံးမြွာပူးက လက်ဆောင်တွေ ဝန်းရံထားတဲ့ ကိုယ်ပိုင်စားပွဲတွေမှာ ကိတ်မုန့်တစ်လုံးစီနှင့် ထိုင်နေပါတယ်။ ကလေးတွေက “Happy Birthday” သီချင်းကို ဖရိုဖရဲ့နှင့် ချစ်စဖွယ်သီဆိုခဲ့ပြီး “သားတို့တော့ ဒီသီချင်းကို ပြန်သင်ရတော့မယ်!” လို့ Minguk ကပြောခဲ့ပါတယ်။

대한민국만세 생일 축하해주신 많은 분들께 진심으로 감사드립니다~^^

A post shared by 1958 (@songilkook) on



ဖယောင်းတိုင်တွေ မှုတ်ပြီးတာနှင့် Minguk က “ချော့ကလက် စားလို့ရလား?” လို့ ယဉ်ယဉ်ကျေးကျေးမေးခဲ့ပြီး Manse ကလည်း စိတ်အားထက်သန်စွာ သံယောင်လိုက်ခဲ့ပါတယ်။ ခဏစောင့်ဖို့ပြောတော့ Minguk က ချစ်စဖွယ် သက်ပြင်းချရှာပါတယ်။ Song Il Gook က စားခွင့်ပေးလိုက်တာနှင့် ကလေးတွေက အားပါးတရစားကြပါတော့တယ်!

KBS reality show “The Return of Superman” မှာ ၂၀၁၄ ခုနှစ် ဂျုလိုင်လမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလထိ ပါဝင်ခဲ့တာကြောင့် Song သုံးမြွာပူးလေးက နာမည်ကျော်လာတာဖြစ်ပါတယ်။
Happy birthday, Daehan, Minguk, and Manse!

RII

#celebrity.thithtoolwin.com

Ref:Soompi