Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Deadpool 2 ဇာတ်ကား teaser အမြည်းထွက်ရှိ

Deadpool 2 ဇာတ်ကား teaser အမြည်းထွက်ရှိ

| No comment

Logan ဇာတ်ကားကို ငွေရောင်ပိတ်ကာပေါ်မှာ ကြည့်ရှုပြီးပြီဆိုရင်တော့ Deadpool 2 ဇာတ်ကားနမူနာထဲမှာ Ryan Reynolds က ပါးစပ်သရမ်းတတ်တဲ့သူအဖြစ် ပြန်ရောက်လာပြီဆိုတာ သိသားဖြစ်ဖို့များပါတယ်။ အခုတော့ 20th Century Fox က Deadpool 2 ဇာတ်ကားနမူနာအပြည့်အစုံကို online တင်ပေးလိုက်ပါပြီ။

 ဒီဗီဒီယိုထဲမှာ Distinguished Competition ထဲက John Williams ရဲ့ နောက်ခံတီးလုံးကိုတောင် ယူသုံးထားလိုက်ပါသေးတယ်။

ပထမဇာတ်ကားရဲ့ အဆုံးမှာ သဲလွန်စပေးထားခဲ့တဲ့အတိုင်း Deadpool 2 မှာ X-Men ထဲက Cyclops ရဲ့သားဖြစ်ပြီး အချိန်ခရီးသွားနိုင်တဲ့ Cable ပါဝင်လာမှာဖြစ်ပါတယ်။



ဒီဇာတ်ကောင်က ရုပ်ပြစာအုပ်တွေထဲမှာ ရှုပ်ထွေးတဲ့ မူရင်ဇာတ်လမ်းရှိတဲ့ ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တဲ့အတွက် ပိတ်ကားပေါ်က Cable ရဲ့ နောက်ခံဇာတ်လမ်းက ဘယ်လိုဖြစ်မယ်ဆိုတာ စောင့်ကြည့်ရဖြစ်ပါတယ်။ ဒီဇာတ်ကောင်အတွက် သရုပ်ဆောင်ရွေးချယ်နေဆဲဖြစ်ပြီး ကောလဟာလတွေလည်း တော်တော်ပျံ့နှံ့နေပေမယ့် အခုထိတော့ ဘယ်သရုပ်ဆောင်ဖြစ်မယ်ဆိုတာ အတည်မပြုရသေးပါဘူး။

Deadpool 2 မှာ ကံတရားကို ပြောင်းလဲပေးနိုင်တဲ့ သန္ဓေပြောင်းသူ Domino လည်းပါဝင်မယ်လို့ သိရပါတယ်။ သူ့အတွက် သရုပ်ဆောင်ရွေးချယ်မှုကိုလည်း စတူဒီယိုက အတည်မပြုပေးသေးပါဘူး။

Deadpool 2 ကို ရိုက်ကူးရေးစတင်ဖို့ ဦးတည်နေတုန်းဖြစ်ပေမယ့် X-Force တစ်ဖွဲ့လုံးကို ထုတ်ပြမယ့် တတိယမြောက် Deadpool ဇာတ်ကားအတွက် စီစဉ်နေပြီလို့လည်း သိရပါတယ်။

Deadpool 2 ကို “real heroes here” ဇာတ်ညွှန်းရေးသူ Rhett Reese နှင့် Paul Wernick တို့ရဲ့ဇာတ်ညွှန်းကို John Wick ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ David Leitch က ရိုက်ကူးမှာဖြစ်ပါတယ်။ X-Men ဇာတ်ကားတွေကို ထုတ်လုပ်ခဲ့တဲ့ Simon Kinberg နှင့် Lauren Shuler Donner တို့နှင့်အတူ Reynolds က Deadpool 2 အတွက် ပရိုဂျူဆာအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Src : Coming Soon