Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Disney Pixar ၏ Coco ဇာတ်လမ်းကို အကြိုခံစားကြည့်ဖို့အတွက် Dante's Lunch ဇာတ်လမ်းတို ထွက်ရှိလာ

Disney Pixar ၏ Coco ဇာတ်လမ်းကို အကြိုခံစားကြည့်ဖို့အတွက် Dante's Lunch ဇာတ်လမ်းတို ထွက်ရှိလာ

| No comment

Pixar က ကာတွန်းရုပ်ရှင် ပရိသတ်တွေအတွက် Day of the Dead အကြောင်းကို ရိုက်ကူးထားတဲ့ Coco ဇာတ်ကားကို အကြိုခံစားတဲ့အနေနှင့် Dante’s Lunch ဇာတ်လမ်းတိုကို ထုတ်ပေးလိုက်ပါတယ်။
A Short Tail လို့ ချစ်စနိုးနှင့် ခေါင်းစဉ်ခွဲပေးထားတဲ့ ၂ မိနစ်စာ ဇာတ်လမ်းတိုလေးမှာ တက်ကြွတဲ့ Xolo အမျိုးအစား ခွေးလေး (Dante) က နေ့လည်စာ ရှာဖွေနေတုန်း အရသာရှိပုံရတဲ့ တံတောင်ဆစ်ရိုးကို တွေ့ရှိသွားပါတယ်။

ဒါပေမယ့် အရိုးကို ကိုက်ဝါးလိုက်တဲ့ အခါမှာတော့ အရိုးက အသက်ဝင်လာပြီး သူ့ကို မြိုထဲက ဖြတ်ပြီး လိုက်တမ်းပြေးတမ်း ကစားရင်း ခေါ်ဆောင်သွားရာက သုသာန်မှာ အဆုံးသတ်ပါတယ်။
Coco ဇာတ်လမ်းထဲမှာတော့ Dante က ဂီတနှင့်ပတ်သက်တာတွေ မလုပ်ရဘူးလို့ သူ့မိသားစုက မျိုးရိုးစဉ်ဆက် တားမြစ်ထားတာကို ဖီဆန်ခဲ့တာကြောင့် မတော်တဆ Land of the Dead ကိုရောက်ရှိသွားတဲ့ အသက် ၁၂ နှစ်အရွယ် မက္ကဆီကန်လူမျိုးကောင်လေး Miguel ရဲ့ အဖော်အဖြစ်ပါဝင်မှာပါ။

Dante’s Lunch က Coco ဇာတ်လမ်းထဲက လောကကြီးကို အကြိုခံစားခဲ့ရတဲ့အပြင် Gael García Bernal က အသံသရုပ်ဆောင်ထားတဲ့ လူလိမ် အရိုးခြောက် Hector ကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။
Disney•Pixar’s Coco ဇာတ်ကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။


RII

#celebrity.thithtoolwin.com

Ref: EW