Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Disney Pixar ၏ ပထမဆုံး Coco ဇာတ်လမ်းနမူနာထွက်ရှိ

Disney Pixar ၏ ပထမဆုံး Coco ဇာတ်လမ်းနမူနာထွက်ရှိ

| No comment


 

Disney Pixar မှ Gael García Bernal (Y Tu Mamá También, The Motorcycle Diaries), Anthony Gonzalez (Icebox), Benjamin Bratt (Despicable Me 2, Doctor Strange) နှင့် Renee Victor (Paranormal Activity: The Marked Ones, Confessions of a Shopaholic) တို့ အသံသရုပ်ဆောင်အဖြစ်ပါဝင်ထားတဲ့ ပထမဆုံး Coco ဇာတ်လမ်းနမူနာထွက်ရှိလာပါတယ်။


ဇာတ်လမ်းအကျဉ်းကတော့ “Miguel (အသံသရုပ်ဆောင် Anthony Gonzalez) ဟာ ဂီတနှင့်ပတ်သက်တာတွေ မလုပ်ရဘူးလို့ သူ့မိသားစုက မျိုးရိုးစဉ်ဆက် တားမြစ်ထားတဲ့ကြားက သူရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ Ernesto de la Cruz (အသံသရုပ်ဆောင် Benjamin Bratt) လို အောင်မြင်တဲ့ ဂီတပညာရှင်ဖြစ်ရမယ်လို့ စိတ်ကူးအိပ်မက်တွေရှိနေပါတယ်။


 သူ့မှာပါရမီရှိတာကို သက်သေပြဖို့ စိတ်အားထက်သန်နေတဲ့ Miguel က ပဟေဠိဆန်တဲ့ အကြောင်းအမျိုးမျိုးကြောင့် အရောင်အသွေးစုံလင်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ Land of the Dead ကို ရောက်ရှိသွားပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာ နှစ်လိုဖွယ်ကောင်းတဲ့ လူလိမ် Hector (အသံသရုပ်ဆောင် Gael García Bernal) နှင့်ဆုံတွေ့ပြီး Miguel ရဲ့ မိသားစုရာဇဝင် နောက်ကွယ်က ဇာတ်လမ်းအစစ်အမှန်ကို ရှာဖွေဖို့ အံ့မခန်း ခရီးစဉ်ကို အတူတကွ စတင်ခဲ့ကြပါတယ်။ မင်းသမီး Renée Victor ကလည်း Miguel ရဲ့အဘွား Abuelita အဖြစ်ပါဝင်ထားပါတယ်” လို့ ဖော်ပြထားပါတယ်။


Toy Story 3 ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Lee Unkrich (Monsters, Inc., Finding Nemo) ရဲ့ twitter မှာ ရေးသားချက်တစ်ခုအရ Disney•Pixar’s Coco ကို ၂၀၁၆ ခုနှစ် ဧပြီလ ၁၂ ရက်က စတင်ခဲ့တာဖြစ်ပါတယ်။ Unkrich က ဒီဇာတ်ကားနှင့် သူ့ရဲ့ ဉာဏ်ကွန့်ုမြူမှုဖြစ်တဲ့ Dia De Los Muertos အကြောင်းကို “ဒီအကြောင်းကို ရိုးရာအနုပညာတွေမှာ ဖော်ပြတာတွေ့ဖူးပါတယ်။



 အရိုးစုတွေကို တောက်ပပြီး ပွဲဝင်တဲ့အရောင်တွေနဲ့ ယှဉ်တွဲပြတာက ကျွန်တော့် အာရုံကို ဖမ်းစားထားတာပါ။ အဲ့ဒီကစပြီး ကွေ့ပတ်နေတဲ့ စူးစမ်းရှာဖွေရေး လမ်းကြောင်းပေါ်ကို ကျွန်တော်ရောက်လာတာပေါ့။ Dia De Los Muertos အကြောင်းကို ပိုသိရလေ ကျွန်တော့် အပေါ်သက်ရောက်မှုက ပိုနက်ရှိုင်းလာလေပဲ” လို့ ၂၀၁၅ ခုနှစ်က D23 Expo မှာ ပြောပြခဲ့ပါတယ်။


ဒီဇာတ်ကားကို Unkrich က ဇာတ်ညွှန်းရေးသားသူ Adrian Molina (The Good Dinosaur) နှင့် အတူ တွဲဖက်ရိုက်ကူးထားပါတယ်။ Disney•Pixar’s Coco ဇာတ်ကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။ Disney•Pixar ရဲ့ နောက်ထွက်မည့်ဇာတ်ကားကတော့ Cars 3 ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၁၆ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။

 RII

#celebrity.thithtoolwin.com

Ref.Comingsoon