Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Donald Trump က One Direction အဖွဲ့ကို သူ့ဟိုတယ်မှ နှင်ထုတ်ခဲ့ဖူးကြောင်း Liam Payne ဖော်ထုတ်ပြောကြား

Donald Trump က One Direction အဖွဲ့ကို သူ့ဟိုတယ်မှ နှင်ထုတ်ခဲ့ဖူးကြောင်း Liam Payne ဖော်ထုတ်ပြောကြား

| No comment





Donald Trump က One Direction အဖွဲ့ကို တစ်ခါတုန်းက သူ့ဟိုတယ်မှ နှင်ထုတ်ခဲ့ဖူးကြောင်း Liam Payne ဖော်ထုတ်ပြောကြားခဲ့ပါတယ်။

Payne နှင့် အဖွဲ့သားတွေက နယူးယော့မြို့ရှိ ကြယ်ငါးပွင့်အဆင့် Trump Tower တွင် တည်းခိုနေစဉ်မှာ Trump က သူ့သမီးကို တွေ့ဆုံဖို့အတွက် ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

“တစ်ခါက Trump က ကျွန်တော်တို့ကို သူ့ဟိုတယ်ကနေ တကယ်ကို ကန်ထုတ်ခဲ့ဖူးတယ်။ ခင်ဗျားတို့ ယုံမှာတောင်မဟုတ်ဘူး။ သူ့သမီးနဲ့ တွေ့ဖို့ခေါ်တာပါ။ ကျွန်တော်တို့ အိပ်ပျော်နေတုန်းမှာ ကျွန်တော်တို့ မန်နေဂျာကို ဖုန်းဆက်တယ်။ သူက ပြောတယ် ‘နှိုးလိုက်လေတဲ့’ ကျွန်တော်ကလည်း ‘မသွားဘူး’ လို့ပြောလိုက်တော့ ကျွန်တော်တို့ကို မြေအောက် ကားရပ်နားတဲ့နေရာကို သုံးခွင့်မပေးတော့ဘူး။ အသိသာကြီးပဲ နယူးယော့မြို့ထဲမှာဆိုရင် ကျွန်တော်တို့က အပြင်ထွက်လို့မဖြစ်ဘူးလေ။ နယူးယော့မြို့က ကျွန်တော်တို့အတွက်တော့ တော်တော်ကြမ်းတယ်” လို့ Rollacoaster နှင့် အင်တာဗျူးမှာ Payne ကပြောပြခဲ့ပါတယ်။

Payne က ဆက်လက်ပြီးတော့ “သူက ‘ပြီးတာပဲ ဒါဆိုလည်း ငါ့ဟိုတယ်မှာ မနေနဲ့လေတဲ့’ အဲ့ဒါနဲ့ ကျွန်တော်တို့လည်း ထွက်လာခဲ့ရတယ်” လို့ ပြောပြခဲ့ပါတယ်။
လတ်တလောမှာတော့ Donald Trump က Snoop Dogg နှင့် အငြင်းပွားနေပြန်ပါတယ်။ ဒီတစ်ပတ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ Snoop Dogg ရဲ့ သီချင်းဗီဒီယိုမှာ rapper က သမ္မကြီးပုံစံဖမ်းထားတဲ့ လူတစ်ယောက်ကို သေနတ်နှင့်ချိန်ထားတဲ့ ဇာတ်ဝင်ခန်းပါလာပါတယ်။ အဲ့ဒီကနေ ဝေဖန်ချက်တွေစတင်လာပြီး လုပ်ကြံဖို့ကြိုးစားတာတွေဖြစ်လာနိုင်ကြောင်း Trump ပြိုင်ဖက်ဟောင်းဖြစ်တဲ့ Marco Rubio က ထောက်ပြခဲ့ပါတယ်။

ဒီသီချင်းဗီဒီယိုနှင့် ပတ်သက်ပြီး Trump က ဒီဗီဒီယိုက သမ္မတဟောင်း Obama ကို ရည်ရွယ်ထားတာသာဆိုရင် Snoop ကအပြစ်လွတ်မှာ မဟုတ်ကြောင်းနှင့် rapper ရဲ့အနုပညာလုပ်ငန်းကိုလည်း ‘ကျရှုံး’ ကြောင်း ဗုဒ္ဓဟူးနေ့က Twitter မှာ တုံ့ပြန်ခဲ့ပါတယ်။

RII

#celebrity.thithtoolwin.com


Ref: EW