Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Dr. Dolittle ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်မည့် Robert Downey Jr.

Dr. Dolittle ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်မည့် Robert Downey Jr.

| 1 Comment

Robert Downey Jr. က တိရစ္ဆာန်တွေရဲ့လောကထဲကို
ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ Iron Man မင်းသားရဲ့ ပရောဂျက်အသစ်က ၁၉၂၀
ခုနှစ်လွန်တွေတုန်းက Hugh Lofting ရေးသားခဲ့တဲ့ ကလေးစာအုပ်တွေကို
အခြေခံပြီး Universal က ရိုက်ကူးမည့် Dr. Dolittle ဇာတ်ကားဖြစ်ကြောင်း EW
က အတည်ပြုခဲ့ပါတယ်။

ဇာတ်ကားကို The Voyage of Dr. Dolittle လို့အမည်ပေးထားပြီး ၁၉၉၂ ခုနှစ်က
ထွက်ရှိခဲ့တဲ့ Lofting ရဲ့စာအုပ်နှင့် အမည်ဆင်ပေမယ့် ဇာတ်လမ်းဇာတ်ကွက်
အသေးစိတ်ကိုတော့ အတိအကျ မသိရသေးပါဘူး။ ဇာတ်လမ်းရဲ့
အဓိကအကြောင်းအရာဖြစ်တဲ့ တိရစ္ဆာန်တွေရဲ့ ဘာသာစကားနှင့်
ဆက်သွယ်ပြောဆိုနိုင်တဲ့ လူသားဆရာဝန်တစ်ယောက်အကြောင်းကတော့
မပြောင်းလဲပါဘူး။

The Voyage of Dr. Dolittle ဇာတ်ကားကို နောက်ဆုံးထွက်ခဲ့ဇာတ်ကားကို
ဇာတ်ကားကို ဇာတ်ညွှန်းရေးသားခဲ့တဲ့ Stephen Gaghan က
ရိုက်ကူးမှာဖြစ်ပါတယ်။ Gaghan က အောင်မြင်တဲ့
ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပြီ
း Stephen Soderbergh ရဲ့ Traffic ကို
ရေးသားပြီး အော်စကာဆုရရှိခဲ့ပြီး သိပ်မကြာသေးခင်က Matthew McConaughey
ပါဝင်ထားတဲ့ Gold ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။

၁၉၆၇ ခုနှစ်က Rex Harrison ပါဝင်ထားတဲ့ musical နှင့် ၁၉၉၈ ခုနှစ်တုန်းက
Eddie Murphy ကပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေနောက်မှာ The Voyage of
Dr. Dolittle ဇာတ်ကားက Lofting ရဲ့ ဇာတ်ကောင်အတွက်
တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ Murphy ရဲ့ ဇာတ်လမ်းကတော့ Lofting ရဲ့
မူရင်းဇာတ်လမ်းနှင့် သိသိသာသာကွာခြားနေခဲ့ပြီး ဇာတ်လမ်းအသစ်ကတော့
မူရင်းဇာတ်လမ်းကို ဘယ်လောက်သစ္စာရှိမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

RII

# celebrity.thithtoolwin.com

Ref:EW