Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဆေးခြောက်အလွန်အကျွံသုံးစွဲမိခဲ့လို့ ရှိုးပွဲဖျက်လိုက်ရတဲ့ Drake

ဆေးခြောက်အလွန်အကျွံသုံးစွဲမိခဲ့လို့ ရှိုးပွဲဖျက်လိုက်ရတဲ့ Drake

| No comment

Hotline Bling သီချင်းနဲ့အောင်မြင်ကျော်ကြားလာတဲ့ အဆိုတော် Drake ကတော့ ဆေးခြောက်တွေ အရမ်းပြဲနေလို့ အမ်စတာဒမ်မှာပြုလုပ်မယ့် သူ့ရဲ့ရှိုးပွဲကို ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

ပွဲလာသူ ပရိသတ်အပေါင်းကတော့ အခုလို ရှိုးပွဲဖျက်သိမ်းလိုက်မှုအပေါ်
အလွန်အမင်း ဒေါသထွက်နေခဲ့ကြပြီး ပွဲစတင်ဖို့ အချိန်အနည်းငယ်အလိုမှ ကျင်းပမယ့်စင်မြင့်ထက်ကနေ ပရိသတ်ထုကြီးကို ပွဲ cancelဖြစ်သွားတယ်လို့ ကြေညာလိုက်တာကြောင့်ဖြစ်ပါတယ်။

Drake ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့ရဲ့အဆိုတော်ဟာ ရုတ်တရက်ဖျားနာခဲ့တာကြောင့် အခုလိုပဲပွဲကို ဖျက်သိမ်းခဲ့တာဖြစ်တယ်လို့ပြောခဲ့ပေမယ့်လည်း သတင်းရင်းမြစ်တွေအရတော့ Drake ဟာ အရမ်းကို ပြင်းတဲ့ ဆေးခြောက်အမျိုးအစားတွေကို သုံးစွဲခဲ့တာကြောင့်အရမ်း high သွားပြီး စိုးရိမ်စရာအနေအထားရောက်ရှိသွားခဲ့လို့ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုအဖြစ်အပျက်တွေကြောင့် Drake ရဲ့ ရှိုးပွဲကို ရက်ပြန်ရွှေ့လိုက်ရပြီး ပြန်လည်ကျင်းပလိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။


Mocha

#celebrity.thithtoolwin.com

Ref : aceshowbiz