Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ပရိသတ်တွေနှင့်အတူ ဓာတ်ပုံတွဲရိုက်လေ့မရှိတဲ့အကြောင်းရင်းကို Emma Watson ရှင်းလင်းပြောကြား

ပရိသတ်တွေနှင့်အတူ ဓာတ်ပုံတွဲရိုက်လေ့မရှိတဲ့အကြောင်းရင်းကို Emma Watson ရှင်းလင်းပြောကြား

| No comment

Emma Watson က ကြာရှည်ရပ်တည်နိုင်ဖို့အတွက် သူရဲ့ လူကြားထဲကဘဝနှင့် ကိုယ်ရေးကိုယ်တာဘဝကို စည်းခြားထားဖို့ လိုအပ်ကြောင်း EW ကိုပြောပြခဲ့ပါတယ်။ အဲ့ဒီထဲက တစ်စိတ်တစ်ပိုင်းကတော့ ပရိသတ်တွေနှင့်အတူ ဓာတ်ပုံတွဲရိုက်တာပါပဲ။

မကြာသေးခင်က Vanity Fair နှင့်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ “ကိုယ်ပိုင်ဘဝတစ်ခုရှိတာနဲ့ မရှိတာ ကြားက ကွာခြားချက်တစ်ခု” ဖြစ်တာကြောင့် လျှပ်တပြက်ဓာတ်ပုံတွေ အရိုက်ခံလေ့မရှိဘူးလို့ Beauty and the Beast မင်းသမီးက ရှင်းပြခဲ့ပါတယ်။

“တစ်ယောက်ယောက်က ကျွန်မကို ဓာတ်ပုံရိုက်ပြီး တင်လိုက်မယ်ဆိုရင် ၂ စက္ကန့်အတွင်းမှာ ကျွန်မရောက်နေတဲ့ နေရာရဲ့ ၁၀ မီတာပတ်လည်ကို အတိအကျ အမှတ်အသားလုပ်လိုက်နိုင်ပါတယ်။ ကျွန်မက ဘယ်လိုဝတ်စားထားတယ်၊ ဘယ်သူနဲ့လာတယ်ဆိုတာ သူတို့မြင်နိုင်တယ်။

အဲ့ဒီလို ခြေရာခံ ခံရာတာမျိုးအဖြစ်မခံနိုင်ပါဘူး” လို့ Watson က ပြောပြခဲ့ပါတယ်။ အဲဒီအစား ပရိသတ်တွေနှင့် စကားစမြည်ပြောတာတို့ လက်မှတ်ထိုးပေးတာတို့ စတာတွေလုပ်ပေးတတ်ပါတယ်။ “ကျွန်မက ‘ကျွန်မ ဒီမှာထိုင်ပြီး Harry Potter ပရိသတ်တွေရဲ့ မေးခွန်းတိုင်းကို ဖြေပေးမယ် ဒါပေမယ့် ဓာတ်ပုံတော့ ရိုက်လို့မရဘူး’ လို့ ပြောမှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဒါပေမယ့် ဒီစည်းမျဉ်းက အမြဲတမ်းတော့ မတည်မြဲပါဘူး။ “အနုပညာရှင်တစ်ယောက်ကို တွေ့လိုက်ရတယ်ဆိုတာမျိုးနဲ့ တစ်စုံတစ်ယောက်ကို ရက်သတ္တပတ်တစ်ခုလုံးစာ ပျော်ရွှင်သွားအောင် လုပ်ပေးလိုက်တာမျိုးနဲ့ ယှဉ်မယ်ဆိုရင်တော့လား? ဥပမာပြောရရင် ကလေးတွေကိုတော့ မရဘူးလို့ မပြောရက်ပါဘူး”

ဟောလီးဝုဒ်မှာ လူတွေရဲ့အာရုံစိုက်ခြင်းကိုခံရပြီး ကြီးပြင်းလာတဲ့ အခြားအနုပညာရှင်တွေနှင့်မတူဘဲ Watson က အသက် ၁၀ နှစ်မှာ Harry Potter ဇာတ်ကားတွေရိုက်မယ်လို့ ကြေညာပြီး မကြားခင်မှာပဲ လူမှုကွန်ယက်တွေ ခေတ်စားလာတာပါ။ “လူတွေ ကျွန်မကို ပြောကြတာက ‘Jodie Foster တို့ Natalie Portman တို့နဲ့ စကားပြောဖူးလား? လူတွေရဲ့အာရုံစိုက်ခြင်းကိုခံရပြီး ကြီးပြင်းလာရတာက ဘယ်လိုဆိုတာကို သူတို့တွေက အကြံကောင်းပေးနိုင်မယ်’ ပေါ့။ သူတို့တုန်းကတော့ လွယ်ကူပါတယ်လို့ ကျွန်မပြောချင်တာမဟုတ်ပါဘူး။

 ဒါပေမယ့် လူမှုကွန်ယက်တွေ ပေါ်လာတော့ လုံးဝကို ကမ္ဘာသစ်ကြီးတစ်ခုလိုဖြစ်သွားတယ်လေ။ နည်းပညာတွေကြောင့် ပြောင်းလဲသွားတယ်လို့ သူတို့နှစ်ယောက်လုံး ပြောဖူးပါတယ်” လို့ အရင်ကဟာကို ပြန်စဉ်းစားပြီးတော့ ပြောပြပါတယ်။

ဒါ့အပြင် Potter-heads တွေက ပိုပြီးတော့ အသည်းအသန်ဖြစ်တတ်တဲ့ ပရိသတ်အမျိုးအစားထဲမှာပါ ပါတယ်။ “ကျွန်မမျက်နှာကို ကိုယ်ပေါ်မှာ တက်တူးထိုးထားတဲ့ ပရိသတ်တွေ တွေ့ဖူးပါတယ်။ Harry Potter စာအုပ်တွေနှင့်အတူ ကင်ဆာရောဂါကို ကျော်ဖြတ်ခဲ့တဲ့သူတွေကို တွေ့ဖူးပါတယ်။ ဘယ်လိုရှင်းပြရမလဲတော့ မသိပေမယ့် Harry Potter ဖြစ်ရပ်က ကွဲပြားခြားနားတဲ့ နယ်မြေဘက်ကိုရောက်နေတယ်။ စွဲလမ်းမှုဘက်ကို ရောက်သွားပြီ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေမျိုး မဟုတ်ဘူးဆိုတာ လက်ခံခဲ့ရတယ်” လို့ ပြောပြသွားပါတယ်။


RII

#celebrity.thithtoolwin.com

Src : EW