Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဂျပန်နိုင်ငံတွင် တရားဝင် ပွဲဦးထွက်မည့် EXO-CBX အဖွဲ

ဂျပန်နိုင်ငံတွင် တရားဝင် ပွဲဦးထွက်မည့် EXO-CBX အဖွဲ

| No comment


Chen, Baekhyun နှင့် Xiumin တို့ပါဝင်ဖွဲ့စည်းထားတဲ့ EXO အဖွဲ့ခွဲက စိတ်လှုပ်ရှားဖွယ်သတင်းကို မတ်လ ၁၀ ရက်မှာ Line မက်ဆေ့ခ်ျ application မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဂျပန်သတင်းဌာနတစ်ခုဖြစ်တဲ့ Nikkan Sports က တင်ဆက်ခဲ့ပါတယ်။

EXO-CBX အဖွဲ့က ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ပထမဆုံး mini album “Hey Mama!” နှင့်အတူ ဂီတလောကို ဝင်ရောက်လာတာဖြစ်ပြီး charts တွေပေါ်မှာလည်း အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။ ဒီအယ်လ်ဘမ်တစ်ခုတည်းနှင့် အချပ်ရေ ၂၇၈,၀၀၀ ကျော် ရောင်းချခဲ့ရပြီး အဖွဲ့ခွဲတစ်ခုအတွက် ရောင်းအားအကောင်းဆုံး စံချိန်တင်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ပွဲဦးထွက်ဖို့အတွက်တော့ EXO-CBX အဖွဲ့က ခေါင်းစဉ်သီချင်း အသစ်ပါဝင်တဲ့ အသစ်စက်စက် mini album တစ်ခုထွက်ရှိမှာဖြစ်ပါတယ်။ မတ်လ ၁၁ ရက်က တိုက်ရိုက်ထုတ်လွှင့်မှုမှာ တကယ်ကို စွဲမက်ဖွယ်ကောင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်ကြောင်း သဲလွန်စပေးခဲ့ပြီး album ထဲမှာပါဝင်မည့် ကျန်သီချင်းတွေကိုတော့ အသံသွင်းနေဆဲဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။


Chen က Nikkan Sports နှင့် အင်တာဗျူးမှာ EXO အဖွဲ့အနေနှင့်ရော EXO-CBX အဖွဲ့အနေနှင့်ပါ ၂၀၁၇ ခုနှစ်အတွက် ရည်မှန်းချက်က နေရာအနှံ့အပြားမှာ ပရိသတ်တွေ့ဆုံပွဲတွေ ကျင်းပနိုင်ဖို့ဖြစ်ပြီး ဂျပန်နိုင်ငံမှာလည်း ဒီလိုပဲလုပ်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောပြခဲ့ပါတယ်။

EXO အဖွဲ့က နှစ်စဉ်  ၃ ရက် ကျင်းပလေ့ရှိတဲ့ “EXO-L Japan” ပရိသတ်တွေ့ဆုံပွဲကို မေလမှာ ကျင်းပမှာဖြစ်ပြီး အဖွဲ့ဝင် Kai ကလည်း ဂျပန်ဇာတ်လမ်းတွဲ “Spring Has Come” မှာ ခေါင်းဆောင်မင်းသားနေရာက ပါဝင်သွားမှာဖြစ်ပါတယ်

RII

#celebrity.thithtoolwin.com

Ref:Soompi