EXO အဖွဲ့ဝင် Kai က “Spring Has Come” (ယာယီအမည်) လို့အမည်ရတဲ့ ဂျပန်ဇာတ်လမ်းတွဲမှာ ပါဝင်မှာဖြစ်ပါတယ်။
SM Entertainment က ဒီဇာတ်လမ်းတွဲမှာ Kai ပါဝင်မယ်လို့ ကြေညာပြီးတဲ့နောက်မှာ ဂျပန်သတင်းဌာနတွေကလည်း ဒီသတင်းကို ကြားမိပြီး EXO အဖွဲ့ဝင်ရဲ့ ဇာတ်ကောင်သစ်ကို စိတ်ဝင်စားမှုဖော်ပြလာကြပါတယ်။
ဒီဇာတ်လမ်းတွဲဟာ Kuniko Mukōda ရေးသားထားတဲ့ အမည်တူ မူရင်း ဂျပန်ဝတ္ထုကို အခြေခံထားတာဖြစ်ပါတယ်။ ခေတ်သစ်လူ့အဖွဲ့အစည်းထဲက မိသားစုဘဝကို ရိုက်ကူးထားတာဖြစ်ပြီး Kai က အဓိကဇာတ်ကောင်ဖြစ်တဲ့ ကိုရီးယားလူမျိုး ဓာတ်ပုံဆရာနေရာက ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲကို WOWOW ရုပ်သံလိုင်းမှ ပြသမှာဖြစ်ပါတယ်။ ဒီရုပ်သံလိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ဒီဇာတ်လမ်းတွဲဟာ ဂျပန်လူမျိုးမဟုတ်တဲ့ သရုပ်ဆောင်တစ်ယောက်က အဓိကဇာတ်ကောင်နေရာက ပါဝင်တာ ပထမဆုံးအဖြစ်တဲ့အတွက် အထူးအဆန်းတော့ဖြစ်နေပါတယ်။
လတ်တလောမှာတော့ Kai က ဒီနှစ်ထဲမှာ KBS ကထုတ်လွှင့်မည့် “Andante” ဇာတ်လမ်းတွဲကို ရိုက်ကူးနေပါတယ်။
RII
#celebrity.thithtoolwin.com
Src : Soompi