Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , "Flight Log: Arrival" အယ်လ်ဘမ်နှင့် Global iTune Charts ကိုစိုးမိုးထားတဲ့ GOT7 အဖွဲ့

"Flight Log: Arrival" အယ်လ်ဘမ်နှင့် Global iTune Charts ကိုစိုးမိုးထားတဲ့ GOT7 အဖွဲ့

| No comment


GOT7 အဖွဲ့က အသစ်ထွက်ရှိလာတဲ့ အယ်လ်ဘမ်နှင့်အတူ နိုင်ငံတကာမှာ အကြီးအကျယ်အောင်မြင်နေပါတယ်။

 မတ်လ ၁၃ ကိုရီးယားစံတော်ချိန် နေလည်ပိုင်းမှာ GOT7 အဖွဲ့ရဲ့ mini albumသစ် “Flight Log: Arrival” နှင့်အတူ ခေါင်းစဉ်သီချင်းဖြစ်တဲ့ “Never Ever” သီချင်းဗီဒီယိုလည်း ထွက်ရှိလာပါတယ်။


စထွက်ကတည်းက iTunes charts ၆ ခုမှာ နံပါတ် ၁ နေရာကို ရယူထားတာဖြစ်ပါတယ်။ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတိုရဲ့ iTunes albums chart မှာ နံပါတ် ၁ နေရာကို ရယူထားပါတယ်။
 
ဖင်လန်၊ နော်ဝေ၊ စင်္ကာပူနှင့် ထိုင်ဝမ်နိုင်ငံတွေရဲ့ iTunes albums chart မှာတော့ နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။ မကာအိုနိုင်ငံမှာတော့ နံပါတ် ၃ နေရာ၊ဆွီဒင်နိုင်ငံမှာ နံပါတ် ၄ နေရာ၊ အမေရိကန်နိုင်ငံမှာတော့ နံပါတ် ၅ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။




RII 

#celebrity.thithtoolwin.com

Ref : Soompi