Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Game of Thrones (season 7) ဇာတ်လမ်းနမူနာ ထွက်ရှိလာ

Game of Thrones (season 7) ဇာတ်လမ်းနမူနာ ထွက်ရှိလာ

| No comment

Game of Thrones (season 7) အတွက် ဇာတ်လမ်းနမူနာသစ်ကို HBO က ထုတ်ပေးလိုက်ပါပြီ။
ဒီဇာတ်လမ်းနမူနာထဲမှာ Iron Throne ကို လုဖို့ ယှဉ်ပြိုင်နေသူတွေက Westeros မှာ စစ်တိုက်ဖို့ ပြင်ဆင်ရင်း နေရာယူနေကြပါတယ်။

Cersei Lannister (Lena Headey) က Red Keep ထဲမှာ၊ Daenerys Targaryen (Emilia Clarke) က နေရာသစ်တစ်ခုမှာ (Dragonstone ရဲ့ အရင်က မပြဖူးတဲ့ Throne Room များဖြစ်နေမလား?) ပြီးတော့ Jon Snow (Kit Harington) ကိုတတော့ Winterfell ရဲ့ Great Hall ထဲမှာတွေ့ရမှာဖြစ်ပါတယ်။ နမူနာရဲ့ နိမိတ်မကောင်းတဲ့ အဆုံးသတ်နားမှာတော့ အားလုံးရဲ့ ဘုံရန်သူတော်ကြီးဖြစ်တဲ့ Night King ကို ရိပ်ခနဲ့တွေ့လိုက်ရပါတယ်။

လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ တည်ရှိနေတာကတော့ ခေတ်အခါနှင့် အံဝင်ခွင်ကျမဖြစ်တဲ့ သီချင်းရွေးချယ်မှုပါပဲ။ “In love, in fear, in hate, in tears” ဆိုတဲ့ စာသားတွေပါဝင်တဲ့  James ရဲ့ “Sit Down” ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။

“Long Walk” လို့အမည်ပေးထားတဲ့ ဒီဇာတ်လမ်းနမူနာက ဒီအတွက် သပ်သပ်ရိုက်ကူးထားတာလား ဒီ season ရဲ့ ဇာတ်ဝင်ခန်းထဲမှာ ပါလာမလားဆိုတာတော့ သေချာမသိရပါဘူး။
Game of Thrones ကို ဇူလိုင်လ ၁၆ ရက်မှာ HBO မှာ ပြသသွားမှာဖြစ်ပါတယ်။



RII

#celebrity.thithtoolwin.com

Ref: EW